1.8.16

ဂျပန်နိုင်ငံ က Aeon လုပ်ငန်းစု မြန်မာနိုင်ငံမှာ စူပါမားကတ်တွေဖွင့် လှစ်မယ့် ပထမဆုံး နိုင်ငံခြား ကုမ္ပဏီဖြစ်လာ

ဂျပန်နိုင်ငံ က Aeon လုပ်ငန်းစဟာ မြန်မာနိုင်ငံမှာစူပါမားကတ်တွေဖွင့်လှစ်မယ့် ပထမဆုံး နိုင်ငံခြား ကုမ္ပဏီဖြစ်လာမှာဖြစ်ပါတယ်။

Aeon လုပ်ငန်းစုကြီးဟာ ဂျပန်နိုင်ငံမှာ လက်လီလုပ်ငန်းပေါင်းများစွာလုပ်ကိုင်နေတာဖြစ်ပြီး လာမယ့် သြဂုတ်လဆန်းပိုင်းမှာ မြန်မာနိုင်ငံ မှ စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ Creation (Myanmar) လုပ်ငန်းစုနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်မှာဖြစ် ပါတယ်။ ပူးပေါင်းလုပ်ဆောင်မှုအတွက် Aeon မှ ရင်းနှီးမြှုပ်နှံမှု အများစုထည့်ဝင်မှာဖြစ်ပြီးတော့ အကျိုးတူပူးပေင်း
မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၈ ဒသမ ၁ သန်းရှိမှာဖြစ်ပါတယ်။ယခုစတင်မယ့် အကျိုးတူပူးပေါင်းမှုကထွက်ပေါ်လာမယ့် ကုမ္ပဏီသစ်ဟာ Creation မှ ရန်ကုန်မှာအများစုဖွင့်လှစ်ထားတဲ့ စူပါမားကတ် ၁၄ ခုကို Orange နာမည်အောက်မှာပဲ ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ 
၂၀၁၆ခုနှစ်ကုန်ပိုင်းမှာတော့ စူပါမားကတ်ဆိုင်ခွဲသစ်တွေကိုဖွင့်လှစ်မှာဖြစ်ပြီးတော့ Aeon က ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို ပါ တင်သွင်းရောင်းချမှာဖြစ်ပါတယ်။
နိုင်ငံခြားမှ လက်လီလုပ်ငန်းရှင်တွေကို ယခင်အစိုးရလက်ထက်က ပိတ်ပင်ထားတာဖြစ်ပြီးတော့ ၂၀၁၄ ခုနှစ်မှ မြန်မာနင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ကန့် သတ်မှုတွေကို ဖယ်ရှားပေးခဲ့တာဖြစ်ပါတယ်။ 
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment