1.8.16

အာဆီယံနိုင်ငံများကြား ဘုံငွေကြေးစနစ် မထူထောင်တော့ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌဆို

အာဆီယံနိုင်ငံများအကြား ဘုံငွေကြေးစနစ် ထူထောင်တော့မည်မဟုတ်ကြောင်း  မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောသည်။ CLMV ဟုခေါ်သော ကမ္ဘောဒီးယား၊လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများအကြား ခရီးသွားလုပ်ငန်း တိုးတက်စေရေး ဇူလိုင် ၃၁ရက်တွင် ရန်ကုန်မြို့ Melia ဟိုတယ်၌ ကျင်းပသည့် ‘လေးနိုင်ငံခရီးစဉ် ဒေသတစ်ခု’ ကွန်ဖရင့်တွင် ဒေါ်ခင်စော ဦးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
အာဆီယံစီးပွားရေးအသိုက် အဝန်း (AEC)၏ ရည်ရွယ်ချက် တွင် အာဆီယံဘုံငွေကြေးစနစ် ထူထောင်ရန် ရည်ရွယ်သော် လည်း အောင်မြင်မှုမရနိုင်သော ကြောင့် ကိုယ်ပိုင်ငွေကြေးသာ ဆက်လက်သုံးစွဲရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
‘‘အခုဆိုရင် နမူနာယူစရာ တွေ မြင်ခဲ့ရတာရှိပါတယ်။ ယူရို ကိုကြည့်ပါ။ ဘုံငွေကြေးစနစ် လုပ်ခဲ့တယ်။ ပထမပိုင်းမှာ အောင်မြင်မှုရခဲ့တယ်လို့ ထင်ခဲ့ ပေမယ့် နိုင်ငံတွေရဲ့ အခြေအနေ တွေမတူညီလို့ မအောင်မြင်ဘူး ဆိုတာ သိခဲ့ရတယ်’’ဟု ဒေါ်ခင် စောဦးက ပြောသည်။
ထို့ကြောင့် အာဆီယံနိုင်ငံ များတွင် ဘုံငွေကြေးစနစ်အစား ဒေသတွင်း နိုင်ငံသုံးငွေကြေးများ အပြန်အလှန် တွက်ချက်ပေးချေ ရန်နှင့် ကိုယ်ပိုင်ငွေကြေးကိုသာ အလေးပေး သုံးစွဲရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ယခု CLMV နိုင်ငံများ၏ ငွေ ကြေးများသည် အချင်းချင်းတိုက် ရိုက်လဲလှယ်၍ မရသော်လည်း ကြားခံငွေကြေးတစ်ခုနှင့် အီ လက်ထရွန်နစ် ငွေချေးကတ်များ ဖြင့် ပေးချေနိုင်ရေးများကို အဓိကထား ဆောင်ရွက်မည်ဟု ၎င်းက ပြောသည်။
အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) ကို ၂၀၁၅ တွင် အကောင်အထည်ဖော်ရန် အာဆီ ယံနိုင်ငံများ စီစဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အာဆီယံနိုင်ငံများ အနက် အချို့နိုင်ငံများတွင် ဖွံ့ဖြိုး မှုနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်အရ ၂၀၁၈ သို့ ရွှေ့ ဆိုင်းခဲ့သည်။ AEC ဖြစ်ပေါ်လာ ချိန်တွင် အကောက်ခွန် အတားအဆီးများကို အာဆီယံနိုင်ငံများအကြား၌ သုညရာခိုင်နှုန်းအထိ လျှော့ချရမည်ဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment