3.8.16

ဥရောပဇုန်ရဲ့ စီးပွားရေး တိုးတက်မှု ထက်ဝက်လျော့ကျခြင်းတရားခံ ပြင်သစ်ဖြစ်နေ

ယခုနှစ် ဒုတိယသုံးလပတ်ကာလထဲမှာ ပြင်သစ်ရဲ့ စီးပွားရေးတိုးတက်မှုနှေးကွေးတန့်အီနေခဲ့တာနဲ့အတူ ဥရောပဇုန်ရဲ့ စီးပွားရေးတိုးတက်မှုဟာယခင်သုံးလပတ်နဲ့နှိုင်းယှဉ်ရင် ထက်ဝက်ခန့်လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။

ယူရိုငွေကြေးကို အဓိက အသုံးပြုကြတဲ့ နိုင်ငံတွေ -Eurozone (ဥရောပဇုန်)တစ်ခုလုံးရဲ့ ဂျီဒီပီ တိုးတက်မှုဟာ ပြီးခဲ့တဲ့ ဧပြီလနဲ့ ဇွန်လကြားကာလမှာ ၀ ဒသမ ၃ ရာခိုင်နှုန်းသာ တိုးတက်နိုင်ခဲ့ပြီးမျှော်မှန်းချက်တွေနဲ့ လွဲချော်သွားခဲ့ပါတယ်။ ပြီးခဲတဲ့ ပထမသုံးလပတ်ကတော့ တိုးတက်မှုဟာ ၀ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။
ယူရိုဇုန်ထဲမှာ ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်တဲ့ပြင်သစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ပထမသုံးလပတ်တုန်းကတော့ စီးပွားရေးတိုးတက်မှု ၀ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပေမယ့်လည်း ယခု ဒုတိယသုံးလပတ်မှာတော့ တိုးတက်မှု တစ်စုံတစ်ရာ မတွေ့ခဲ့ရပါဘူး။
ဥရောပဒေသနိုင်ငံတွေရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ပြီးခဲ့တဲ့ ဇွန်လက ၀ ဒသမ ၁ ရာခိုင်နှုန်းကနေ ဇူလိုင်လမှာ ၀ ဒသမ ၂ရာခိုင်နှုန်းထိ တိုးတက်ခဲ့တာကိုလည်းတွေ့ရပါတယ်။ အလားတူ ယူရိုဇုန်ရဲ့ အလုပ်လက်မဲ့ဖြစ်မှု နှုန်းထားဟာလည်း ဇွန်လက ၁၀ဒသမ ၁ ရာခိုင်နှုန်းမှာပဲ ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။
အီးယူကနေ ဗြိတိန် နှုတ်ထွက်ဖို့မဲပေးဆုံးဖြတ်ခဲ့ပြီးနောက် ယခုလို ယူရိုဇုန်ရဲ့ စီးပွားရေးတိုးတက်မှုအချက်အလက်တွေကို ပထမဆုံးအကြိမ်ထွက်ရှိလာတာလည်းဖြစ်ပါတယ်။
ခုလို စီးပွားရေး တိုးတက်မှု မရှိခဲ့တာက စိတ်ပျက်စရာကောင်းလှပေမယ့် တစ်နှစ်တာလုံးအတိုင်းအတာအနေနဲ့ နိုင်ငံရဲ့ဂျီဒီပီ တိုးတက်မှုပြည့်မီနိုင်မယ်လို့ မျှော်လင့်ထားတယ်ဆိုပြီး ပြင်သစ် စီးပွားရေး ၀န်ကြီးဌာနက ထုတ်ပြန်ပြောကြားထားပါတယ်။
Credit To>>> SFJ Strategy First Journal 

0 comments:

Post a Comment