3.8.16

Panasonic က ယင်းရဲ့စမတ်ဖုန်းတွေ မြန်မာနိုင်ငံမှာလာရောက်ရောင်း ချသွားဖို့ ပြင်ဆင်နေ


ဂျပန် အီလက်ထရောနစ် ကော်ပိုရေးရှင်းတစ်ခုဖြစ်တဲ့ Panasonic ဟာ ရှေ့လာမယ့် သုံးလေးလ ကာလထဲမှာပဲ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဆီကို ယင်းရဲ့ စမတ်ဖုန်းထုတ်လုပ်ရောင်းချရေးလုပ်ငန်းတွေချဲ့ထွင်လုပ်ကိုင်သွားတော့မှာဖြစ်ပါတယ်။ ဂျပန် ကုမ္ပဏီဟာဆိုရင်ဒေသတွင်း မိုဘိုင်းဖုန်း ပစ္စည်းတွေ ၀ယ်လိုအားကောင်းနေတဲ့အခွင့်အရေးကို အမိအရ ရယူပြီး ၀င်ငွေတွေ ဖန်တီးရှာဖွေနိုင်ဖို့ ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံကနေ ယင်းရဲ့ လူသုံးကုန်စမတ်ဖုန်း ၀င်ငွေရရှိမှု ၈၀ ရာခိုင်နှုန်းလောက်ထိ ရှိထားတဲ့ ဂျပန်ကုမ္ပဏီဟာ လက်ရှိအချိန်မှာဆိုရင်အရှေ့အလယ်ပိုင်း၊ အာဖရိကဒေသတွေအပြင် သီရိလင်္ကာနဲ့ နီပေါနိုင်ငံတွေမှာ လုပ်ငန်းတွေလုပ်ကိုင်လျက်ရှိပါတယ်။

“ Panasonic ဆိုတာက လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်ကပဲ စမတ်ဖုန်းထုတ်လုပ်ရောင်းချမှုလုပ်ငန်းထဲကို တစ်ကျောပြန် ပြန်ဝင်ထားခဲ့တာပါ၊ အဲဒီနောက်ပိုင်းကတည်းက ကျွန်တော်တို့တတွေ ဖြည်းဖြည်းမှန်မှန်နဲ့ တိုးတက်လာခဲ့ပြီး အခုချိန်မှာတော့ တိုးတက်မှုအားကောင်းနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်” ဆိုပြီး Panasonic ရဲ့ အိန္ဒိယ လုပ်ငန်းခွဲအကြီးအကဲ Pankaj Rana က ပြောပါတယ်။

“ နောက် သုံးလေးလလောက်ကျရင် ကုမ္ပဏီအနေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ထုတ်ကုန်တွေ စတင်ရောင်းချသွားပါတော့မယ်” ဆိုပြီး ၎င်းကပြောပါတယ်။

လက်ရှိအချိန်မှာ ဂျပန် ကုမ္ပဏီရဲ့ စမတ်ဖုန်းရောင်းချမှုလုပ်ငန်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ အိန္ဒိယမှာ ရောင်းချနေတာဖြစ်သလို တစ်ခြားဈေးကွက်တွေ တိုးတက်ပြန့်ကားလာတာနဲ့အမျှ ယင်းအိန္ဒိယဈေးကွက်ဝေစုကို ၆၀ ရာခိုင်နှုန်းထိ လျော့ချသွားဖို့စီစဉ်ထားပါတယ်။ ကုမ္ပဏီဟာဆိုရင် အိန္ဒိယနိုင်ငံမှာ ယင်းရဲ့စမတ်ဖုန်းမော်ဒယ်သစ်ဖြစ်တဲ့ ELUGA Arc 2 ကိုရူပီး ၁၂,၂၉၀ နဲ့ ရောင်းချသွားတော့မှာဖြစ်ပါတယ်။

ဆင်းကတ်နှစ်ကတ်သုံး 4G ရနိုင်တဲ့ ဟန်းဆက်ဟာဆိုရင် အန်းဒရွိုက် 6.0 OS စနစ် ကိုအသုံးပြုထားတာဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment