3.8.16

အစိုးရသစ်လက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၃ခုနှင့် မြန်မာနိုင်ငံ သား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုးခုကို လုပ်ကိုင်ခွင့်ပြု

အစိုးရသစ် လက်ထက် မြန်မာ့ရင်းနှီးမြှုပ်နှံ မှု ကော်မရှင်ပြန် လည်ဖွဲ့စည်းပြီး နှစ်လ အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၃ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုးခုကို လုပ် ကိုင်ခွင့်ပြုခဲ့ကြောင်း မြန် မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၃ ခုတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၂၄၁၅၆ သန်းနှင့် နိုင်ငံ သားရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန် ဒေါ်လာ ၃၄၉၀၄ သန်း အပါအ၀င် ကျပ်သန်းပေါင်း ၇၉၃၇၈၆၅၂ သန်း ကို ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ကြောင်း သိ ရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက " အစိုးရသစ်လက်ထက် မှာ ရင်းနှီးမြှုပ်နှံမှုကော် မရှင်အနေ နဲ့အစည်းအဝေးသုံးကြိမ်ပြုလုပ်ပြီးခွင့် ပြုပေးခဲ့တာဖြစ်ပါတယ်" ဟုပြောသည်။
ခွင့်ပြုပေးလိုက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၁၃ ခုတွင် စက်မှု လုပ်ငန်းခု နစ်ခု ၊ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးလုပ်ငန်း သုံးခုနှင့် အခြား လုပ်ငန်း သုံးခုကို ရင်းနှီးမြှုပ်နှံခွင့် ပြုထားပြီး နိုင်ငံသားရင်းနှီးမြှုပ်နှံ မှုတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်း တစ်ခု၊ အိမ်ရာအဆောက်အအုံ တည်ဆောက် မှုဖွံ့ဖြိုးမှုလုပ်ငန်းတစ် ခု၊ စက်မှုလုပ်ငန်းသုံးခု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှစ်ခု၊ လယ်ယာ လုပ်ငန်းတစ်ခုအပါအ၀င် အခြား လုပ်ငန်းတစ်ခုတို့ကို ခွင့်ပြုပေးခဲ့ ကြောင်း သိရသည်။
၎င်း က "အလုပ်အကိုင်အခွင့် အလမ်းအနေနဲ့ကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကနေ အလုပ်အကိုင် အခွင့်အလမ်း ၉၆၅၁ ခုနဲ့ နိုင်ငံ သားရင်းနှီးမြှုပ်နှံမှုကနေ အလုပ်အ ကိုင်အခွင့်အလမ်း ၁၇၅၄ ခုကို ဖန် တီးပေးနိုင်ခဲ့ပါတယ်" ဟု ထပ်မံပြော သည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ နှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများကို ဇွန် ၂၇ ရက်၊ ဇူလိုင် ၈ ရက်နှင့် ၃၁ ရက်တို့တွင် အစည်း အဝေးများပြု လုပ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြု ပေး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်အတွင်း မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံ မှုပ မာဏလျာထားချက် အမေ ရိကန်ဒေါ်လာရှစ် ဘီလီ ယံနီးပါးရရှိ ရန်မျှော်မှန်း ထားပြီး ယခင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ရင်းနှီးမြှုပ်နှံမှု လျာထားချက်မှာ အမေရိကန်ဒေါ် လာခြောက် ဘီလီယံဖြစ်ပြီး အမှန် တကယ်ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အ မေရိကန်ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံ ဖြစ်ကြောင်း သိရသည်။
ယခင်အစိုးရ ငါးနှစ်သက်တမ်း အတွင်း ကဏ္ဍအလိုက် ရင်းနှီးမြှုပ် နှံမှု တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍသည် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၅၈၀၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး ဒုတိယ အနေဖြင့် စက်မှုကဏ္ဍတွင် အမေရိ ကန်ဒေါ်လာသန်း ၄၇၀၀ ကျော်နှင့် တတိယအနေဖြင့် ဆက်သွယ်ရေး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်း ၃၇၀၀ ကျော်ဖြစ်ကြောင်း သိရ သည်။
Credit To >>> Democracy Today

0 comments:

Post a Comment