3.8.16

သူတစ်ပါးထိခိုက်မှုအာမခံလျော်ကြေး ၂ ဆတိုးမြင့်ပေးလျော်သွားမယ်

ယာဉ်မတော်တဆထိခိုက်မှုတွေ မြင့်တက်လာတာကြောင့် သူတစ်ပါးထိခိုက်မှု အာမခံလျော်ကြေးတိုးမြင့်ပေးလျော်သွားမယ်လို့ မြန်မာ့အာမခံလုပ်ငန်းတာဝန်ရှိသူတွေထံက သိရပါတယ်။
အဆိုပါအာမခံကြေးကို နဂိုသတ်မှတ်ထားတဲ့ ငွေကျပ်နှစ်ထောင်ကနေ ကိုးထောင်အထိသတ်မှတ်ထားခဲ့ရာကနေ သြဂုတ်လ ၁ ရက်နေ့မှစတင်ပြီး
ငွေကျပ်ငါးထောင်ကနေ တစ်သောင်းအထိတိုးမြင့်ပြီး အာမခံလျော်ကြေးငွေကို နဂိုသတ်မှတ်ထားတဲ့ပမာဏ ထက် ၂ တိုးမြင့်ပေးလျော်ပေးမှာဖြစ်တယ်လို့ မြန်မာ့အာမခံရုံးထံကသိရပါတယ်။
“ ဒီအာမခံမျိုးက မထားမဖြစ်ထားသင့်တဲ့ အာမခံလို့ပြောရင်မမှားပါဘူး၊အရင်က စက်တက်ယာဉ်နဲ့ပက်သက်ပြီး သေဆုံးရင် လျော်ကြေး ၅သိန်းပေးတယ်။ ဒဏ်ရာရခဲ့ရင် အမြင့်ဆုံး ၄ သိန်းအထိပေးခဲ့တယ်၊ အခုလ ၁ ရက်နေ့ကစပြီးကျွန်တော် တို့နှုန်းထားအသစ်နဲ့ ၂ ဆပေးလျော်မှာပါ”လို့တာဝန်ရှိသူကပြောပါတယ်။
စက်တပ်ယာဉ်ကြောင့် ထိခိုက်နစ်နာမှုတွေဖြစ်ပေါ်လာခဲ့ရင် နစ်နာကြေးငွေကျပ် ၁၀ သိန်းနဲ့ ဒဏ်ရာရရှိခဲ့ရင် အကြီးအသေးပေါ် မူတည်ပြီး ၈ သိန်းအထိ ပေးလျော်ပေးသွားမှာဖြစ်ပါတယ်။
မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ သူတစ်ပါးထိခိုက်မှုအာမခံကို ၁၉၇၆ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိအ ချိန်အထိလည်းယင်းအာမခံအမျိုးအစားကို ပုဂ္ဂလိကအာမခံလုပ်ငန်းတွေကို လုပ်ပိုင်ခွင့်မပေးထားပဲ တစ်ဦးတည်းလုပ်ကိုင်နေ ခဲ့တာဖြစ်ပါတယ်။

Credit  To >>>SFJ Strategy First Journal 

0 comments:

Post a Comment