3.8.16

မလေးရှားဝန်ကြီးချုပ်အပါအ၀င်ထိပ်တန်းခေါင်းဆောင်များကိုဦးတည်ပစ်မှတ်ထား၍ ISIS ခြိမ်းခြောက်စာပေးပို့ဟုဆို၊ ခြိမ်းခြောက်ခံပုဂ္ဂိုလ်များတွင် ဒေါ်အောင်ဆန်းစုကြည်အမည်လည်း ပါဝင်နေ


မလေးရှားနိုင်ငံထိပ်တန်းခေါင်းဆောင်များအား ဦးတည်ပစ်မှတ်ထား၍ ခြိမ်းခြောက်ရေးသားထားသော အစ္စလာမ်မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့(ISIS)၏ စာတစ်စောင် မလေးရှားနိုင်ငံရှိ နေဂရီ ဆမ်ဘီလမ်ခရိုင်ရှိရဲစခန်းတစ်ခုသို့ သြဂုတ်လ ၁ ရက်နေ့ကရောက်ရှိလာပြီး၊ ယင်းစာသည် ISIS အဖွဲ့မှ အမှန်တကယ်ပေးပို့ခြင်းဟုတ်မဟုတ်ကို စုံစမ်းမည်ဟု မလေးရှားနိုင်ငံရဲတပ်ဖွဲ့မှ ပြောကြားကြောင်းTHE STAR/ASIA NEWS NETWORK သတင်းတစ်ပုဒ်အရသိရသည်။
ထိုစာတွင် မလေးရှားနိုင်ငံဝန်ကြီးချုပ်၊ ဒုတိယ၀န်ကြီးချုပ်၊ ရှေ့နေချုပ်နှင့် ရဲစုံစမ်းရေးချုပ်တို့ နှင့် ၀န်ကြီးသုံးဦးတို့၏ အမည်များအပါအ၀င် ထိပ်တန်းခေါင်းဆောင်များကိုဦးတည်ပစ်မှတ်ထား၍ ခြိမ်းခြောက် ရေးသားထားကြောင်းသိရသည်။

ထို့အပြင်"IS ခြိမ်းချောက်မှု"ဟုခေါင်းစဉ်တပ်ထားသော နှစ်မျက်နှာခန့်ရေးသားထားသည့်အဆိုပါစာမှ ခြိမ်းခြောက်ခံ ပြည်ပခေါင်းဆောင်ပုဂ္ဂိုလ်အမည်များထဲတွင် မြန်မာနိုင်ငံမှ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ပါဝင်နေသည်ဆို၏။

သူတို့ဦးတည်ပစ်မှတ်ထားသော ခေါင်းဆောင်များ၏ ဓာတ်ပုံတို့ကိုလည်း မိတ္တူကူး၍ တွဲဖက်ပါရှိသည်။

ISIS အကြမ်းဖက် ဦးရေ ၇၀၀ မျှ မလေးရှားနိုင်ငံ နေဂရီ ဆမ်ဘီလမ်ခရိုင်တွင်းဝယ်ရှိနေကြောင်း ယင်းစာတွင်ရေးထားသားသော်လည်း မလေးရှားရဲအဖွဲ့မှ ထိုအချက်ကို ငြင်းဆိုပါသည်။

အဆိုပါခြိမ်းခြောက်စာသည် ISIS အကြမ်းဖက်အဖွဲ့က မလေးရှားနိုင်ငံတွင်လွှမ်းမိုးနေသည်ဟု ကြွားဝါရေးသားခြင်းသာဖြစ်ကြောင်း ရဲတပ်ဖွဲ့ကယုံကြည်ကြောင်းသိရသည်။

စာနှင့်ဓာတ်ပုံများကို ကုန်ထုတ်စက္ကူညိုတစ်ချပ်ဖြင့်ထုတ်၍ ပေးပို့ခြင်းဖြစ်ပြီး ယင်းစာပေးပို့သူကို မလေးရှားရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။
Credit To >>> Popular News Journal

0 comments:

Post a Comment