1.8.16

ပြီးခဲ့တဲ့သုံးလပတ် အရှုံးများခဲ့သော်လည်း ရှယ်ယာတန် ဖိုးမြင့်တက်ခဲ့တဲ့ Boeing ကုမ္ပဏီ


ယခုနှစ် ၂၀၁၆ ဒုတိယသုံးလပတ်ထဲမှာ လုပ်ငန်းဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၂၃၄ သန်းထိရှိခဲ့တယ်ဆိုပြီး အမေရိကန်
လေယာဉ်ထုတ်ကုမ္ပဏီ Boeing က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယင်းဟာလည်း ခုနစ်တာနီးပါးကာလအတွင်း ပထမဆုံးကြုံတွေ့ခဲ့ရတဲ့ သုံးလပတ်အရှုံးဖြစ်လာခဲ့တယ်လို့လည်းဆိုသွားခဲ့ပါတယ်။
ခုလိုမျိုး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တာက စစ်ဘက်သုံးနဲ့ စီးပွားဖြစ် ဂျက်လေယာဉ်ထုတ်လုပ်မှုပိုင်းနဲ့ပတ်သက်ပြီးတော့ ဒေလာ ၂ ဒသမ ၁ ဘီလီယံ မျှော်လင့်မထားဘဲ ကုန်ကျခဲ့ရလို့ဖြစ်တယ်လို့ ကုမ္ပဏီကထုတ်ပြန်ပြောကြားသွားပါတယ်။
ဘာပဲဖြစ်ဖြစ် ယခုဆုံးရှုံးမှုပမာဏကတော့ ကြိုတင်မှန်းဆထား တာထက်တော့ လျော့ကျခဲ့တယ်လို့လည်း ကုမ္ပဏီကဆိုပတယ်။ခုလိုမျိုး ရလဒ်မကောင်းတဲ့ကြေညာချက်တွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ကုမ္ပဏီရဲ့အစုရှယ်ယာတန်ဖိုးပိုင်း မြင့်တက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် မှာယူထားတဲ့လေယာဉ်ပေးပို့မှု ရည်မှန်းချက် ပြည့်မီခဲ့တာကြောင့် ယခုလို ရှယ်ယာတန်ဖိုးတွေ မြင့်တက်ခဲ့တာလို့လည်း သိရပါတယ်။ 
စီးပွားဖြစ် လေယာဉ်ထုတ်လုပ်ရေး ဈေးကွက်ဟာလည်း ယခုထက်ထိ အားကောင်းနေဆဲဖြစ်တယ်လို့လည်း ကမ္ဘာ့အကြီးဆုံး လေယာဉ်ထုတ်လုပ်သူကုမ္ပဏီကြီးက ထုတ်ဖော်ပြောကြား သွားပါသေးတယ်။
" လက်ရှိ ကုမ္ပဏီရဲ့ စွမ်းဆောင်နိုင်မှုက ဆက်လက်အားကောင်းနေဆဲပါ၊ ကျွန်တော်တို့ရဲ့ စီးပွားဖြစ် လေယာဉ်တွေနဲ့ စစ်ဘက်လေယာဉ်တွေ ထုတ်လုပ်မှုပိုင်းကနေပြီးတော့ ၀င်ငွေရရှိမှုဆက်လက်အားကောင်းနေဆဲဖြစ်ပါတယ်" လို့ ကုမ္ပဏရဲ့ စီအီးအို Dannis Muilenburg က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ကာလတွေထဲမှာ စစ်ဘက်လေယာဉ်တစ်ချို့ထုတ်လုပ်မှုအပါအ၀င် ထုတ်လုပ်မှုပိုင်းမှာ မမျှော်လင့်ဘဲ ကုန်ကျစရိတ်တွေ ကြီးမားခဲ့တယ်လို့ Boeing ကုမ္ပဏီက သတိပေးသွားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment