1.8.16

ပထမ ၆ လ နိုင်ငံခြားခရီးသွားဝင်ရောက်မှုလျော့ကျနေသော်လည်း အခုနှစ် လျာထားချက်ပြည့်မီဖို့ ခရီးသွားလုပ်ငန်းရှင်တွေမျှော်လင့်

ပထမ ၆ လတာ နိုင်ငံခြားခရီးသွားဝင်ရောက်မှုလျော့ကျနေသော်လည်း အခုဘဏ္ဍာနှစ်ခရီးသွားလျာထားချက် ပြည့်မီနိုင်
မယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိ သူတွေကပြောဆိုပါတယ်။
လက်ရှိပထမ ၆ လတာခရီးသွားဝင်ရောက်မှုက ၂ ဒသမ ၂ သန်းဝန်းကျင်သာရှိနေတာကြောင့် ယခင်နှစ်ကာလတူဝင်ရောက်မှု ထက် ၀ ဒသမ ၁ သန်းဝန်းကျင်လျော့ကျနေမှုအပေါ်ခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေက ပြော
ဆိုခြင်းဖြစ်ပါတယ်။
အဆိုပါအသင်းဥက္ကဋ္ဌဦးသက်လွင်တိုးက “ ၀န်ကြီးဌာနက ၂၀၁၆နှစ်ကုန်အထိ ၅ သန်းခွဲမှန်းထားပါတယ်၊ နောက်လ ၆ လကျန်နေသေးတော့ ပြည့်မီနိုင်မယ်လို့ မျှော်လင့်ထားပါတယ်၊ ပွင့်လင်းရာသီမှာ လေဆိပ်၊ရေဆိပ်တွေကနေ ပိုမိုလာရောက်မယ်လို့ ယူဆထားပါတယ်” လို့ ပြောပါတယ်။
လက်ရှိနိုင်ငံရေးအပြောင်းအလဲတွေကြောင့်လည်း မြန်မာနိုင်ငံအပေါ် ပြည်ပခရီးသွားတွေစိတ်ဝင်စားမှုရှိနေပြီး လေကြောင်းလိုင်း တွေကလည်း ဈေးကွက်အပြိုင်အဆိုင်ထိုးဖောက်မှုတွေကြောင့် အရင်နှစ်တွေထက် ပိုမိုလွယ်ကူစွာဝင်ထွက်သွားလာနိုင်ဖို့တွေရှိ နေတာကြောင့် ခရီးသွားလျာထားချက် ပြည်မီနိုင် ပါတယ်လို့ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းလာရောက်လည်ပတ်တဲ့ ဒေသတွင်းနိုင်ငံခြားသားတွေထဲမှာ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံအပါအ၀င် ကျန်နိုင်ငံတွေနဲ့လည်း ဗီဇာလွယ်ကူမှုတွေရှိနေတာကြောင့် အခုနှစ်ပွင့်လင်းရာသီမှာ ပိုမိုဝင်ရောက်လာနိုင်ခြေရှိသလို နယ်စပ်ဝင်ပေါက်တွေက ၀င်ရောက်မှုကလည်း ယခင်နှစ်တွေထက်ပိုမိုလာဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
ထိုကဲ့သို့နယ်စပ်ဝင်ပေါက်တွေကနေ ခရီးသွားဧည့်သည်ပိုမိုတိုးပွားလာဖိုကတော့ အဆိုပါနယ်စပ်လမ်းကြောင်းတွေမှာရှိတဲ့ ခရီး သွားလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ဖြတ်သန်းသွားလာမှု ပိုမိုလွယ်ကူကောင်းမွန်စေရန်တော့ အစိုးရ တာဝန်ရှိသူတွေက ဖြည့်ဆည်းလုပ်ဆောင်ပေးမှုတွေလိုအပ်ပါတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေကပြောပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment