1.8.16

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်း ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ် ထားသည့် အဆောက် အအုံ ၄၄၃ လုံး တွေ့ရှိ

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ တစ်ခုဖြစ်သည့် ပုဂံ-ညောင်ဦး ဒေသရှိ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ် ထားသည့် အဆောက်အအုံ ၄၄၃ လုံးခန့် တွေ့ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံ များမှာ ညောင်ဦးမြို့နယ် အမှတ်(၃) နယ်မြေ ငှက်ပစ်တောင်၌ ၄၃ လုံး၊ အမှတ် (၁) နယ်မြေ သာယာဝတီ ရပ်ကွက် ဂူနီဘုရားအနီး၌ ၂၅ လုံး၊ အမှတ်(၁) နယ်မြေ သီရိမင်္ဂလာရပ်ကွက်၌ ၅၄ လုံး၊ ရွှေကုန်းရပ်ကွက်၌ ၁၆ လုံးနှင့် အမှတ် (၅)နယ်မြေ နန်းကြည့်ကုန်း၌ ၃၁ လုံး ရှိသည်။ ထို့ပြင် စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနရုံး အနောက် ဘက်၌ ၁၅ လုံး၊ ပုဂံမြို့သစ် ရွှေတွင်းရပ်ကွက်၌ ၃၃ လုံး၊ ပုဂံမြို့သစ် မြောက်ပိုင်း၌ ကိုးလုံး၊ ကန်တော့ပလ္လင် ဘုရားအနီး၌ ၆၄ လုံး၊ ပုဂံမြို့ဟောင်း ဧရာဇက်ဆိပ်၌ ၄၇ လုံး၊ အာနန္ဒာဘုရား မြောက်ဘက်၌ ၂၅ လုံး၊ ဗူးဘုရားအနီး၌ ၅၁ လုံး၊ မြင်းကပါရွာ တောင်ဘက်ကွက်သစ်၌ ၃ဝ လုံး စုစုပေါင်း ၄၄၃ လုံး ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှတ်တမ်းများ အရ သိရသည်။ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံ များကို သတိပေး အကြောင်းကြားစာ (Notice) သုံးကြိမ် ပေးပို့မည် ဖြစ်ပြီး ထိုသို့ ပေးပို့ပြီးချိန် အထိ ဆက်လက် လုပ်ဆောင်နေပါက ရှေးဟောင်း ဥပဒေနှင့် အညီ အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။
Credit To >>> မြ၀တီ

0 comments:

Post a Comment