11.8.16

သမ္မတအိုဘားမားက အိုင်အက်စ်အဖွဲ့ကို ထူထောင်ခဲ့သူဖြစ်ကြောင်း ဒေါ်နယ်ထရန့်စွပ်စွဲ


ရီပါလဘစ်ကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရန့်က သမ္မတဘားရက်အိုဘားမားသည် အိုင်အက်စ်စစ်သွေးကြွ အဖွဲ့ကို ထူထောင်ခဲ့သူဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ ဖလော်ရီဒါပြည်နယ်၊ ဖော့လူဒါဒယ်မြို့ရှိ သူ့ကို ထောက်ခံသူ လူအုပ်ကြီးကို ထရန့်က ဂျီဟတ်အုပ်စုသည် သမ္မတအိုဘားမားကို သစ္စာတော်ခံနေကြောင်း ပြောကြားလိုက်ခြင်းဇြစ်သည်။ 
ထရန့်က “သူဟာအိုင်အက်စ်အဖွဲ့ကို တည်ထောင်သူဖြစ်ပါတယ်၊ သူဟာ တည်ထောင်သူဖြစ်ပါတယ်၊ သူဟာ အိုင်အက်စ်အဖွဲ့ကို ထူထောင်ခဲ့ပါတယ်” ဟုဆိုသည်။ ထို့ပြင် ဘီလီယံနာကြီးကလည်း သမ္မတလောင်းရွေးချယ်ပွဲအတွက် ဒီမိုကရက်တစ်ပါတီမှ ပြိုင်ဘက်ဖြစ်သည့် ဟီလာရီကလင်တန်ကိုလည်း ဝေဖန်ခဲ့သည်။ သူက “ပြီးတော့ ကျွန်တော် ပြောနိုင်တာက ပူးတွဲတည်ထောင်သူကတော့ ဟီလာရီကလင်တန်ပါပဲ” ဟုပြောသည်။
Credit To >>> Democracy Today

0 comments:

Post a Comment