11.8.16

အစိုးရသစ်လက်ထက် ပထမဆုံးလေးလတွင် ကုန်သွယ်မှုလိုငွေဒေါ်လာ ၁ဒသမ ၅ဘီလီယံကျော်ရှိ

အစိုးရသစ်လက်ထက် ယခုဘဏ္ဍာနှစ်အစ ဧပြီမှ ဇူလိုင် လအထိ လေးလတာကာလအ တွင်း ကုန်သွယ်မှုပမာဏအမေရိ ကန်ဒေါ်လာ ၈ဘီလီယံရှိပြီး ကုန် သွယ်မှုလိုငွေဒေါ်လာ ၁ဒသမ၅ ဘီလီယံကျော်ရှိကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
ယခုဘဏ္ဍာနှစ်လေးလတာ ကာလအတွင်း ပင်လယ်ရေ ကြောင်းနှင့် နယ်စပ်လမ်းကြောင်း များမှ ပြည်ပသို့ ဒေါ်လာ ၃ဒသမ ၂ ဘီလီယံကျော်(၃၂၇၅ဒသမ ၇၅၀)တန်ဖိုးရှိသည့် ပို့ကုန်များ တင်ပို့ထားပြီး ပြည်ပနိုင်ငံများမှ ဒေါ်လာ ၄ဒသမ၇ဘီလီယံကျော် (၄၇၉၅ဒသမ၃၆၈)တန်ဖိုးရှိသည့် သွင်းကုန်များ ပြန်လည်တင်သွင်းထားသောကြောင့် သွင်းကုန်က ပို့ကုန်ထက်ဒေါ်လာ ၁၅၁၉ သန်းကျော် လိုငွေပြနေခြင်းဖြစ် ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၏ ကုန်သွယ်မှုစာရင်း များတွင် ဖော်ပြသည်။
ထို့အပြင်  ယခုဘဏ္ဍာနှစ် လေးလတာကာလနှင့် ယခင်ဘ ဏ္ဍာနှစ်ကာလတူနှိုင်းယှဉ်ပါက ယခင်နှစ်ထက် ဒေါ်လာ သန်း ၇၅၀ ကျော်လျော့နည်းနေသည်။ ပြည် ပသို့ အဓိကတင်ပို့သည့် ပို့ကုန်ခု နစ်မျိုးရှိပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက  သတ္တုတွင်းထွက်တင်ပို့ခြင်းတွင် ကန်ဒေါ်လာ သန်း ၂၁၀ကျော်နှင့် စက်မှုကုန်ချောတင်ပို့ခြင်းတို့တွင် ကန်ဒေါ်လာ သန်းသုံးရာအထိ လျော့နည်းနေကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ချိုက ပြောသည်။
လေးလတာကာလအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့နှင့် ချုပ်ပြီးသားအထည်တင်ပို့မှုပမာ ဏ ပါဝင်သည့် စက်မှုကုန်ချော ပစ္စည်းဒေါ်လာ ၁ဒသမ၄ဘီလီယံ ကျော်အများဆုံးတင်ပို့ခဲ့ပြီး လယ် ယာထွက်ကုန်ပစ္စည်းဒေါ်လာ ၁ ဘီလီယံကျော်၊ အခြားကုန်ပစ္စည်း  တင်ပို့မှု ဒေါ်လာသန်း၄၈၀ကျော်၊ ရေထွက်ကုန်ပစ္စည်းဒေါ်လာ ၁၅၁ သန်း၊ သတ္တုတွင်းထွက်ပစ္စည်း ဒေါ်လာ ၈၉သန်းနှင့် သစ်တော ထွက်ပစ္စည်းဒေါ်လာ ၇၄သန်း ကျော် တင်ပို့ထားကြောင်း ကုန် သွယ်မှုစာရင်းများတွင် တွေ့ရ သည်။
သွင်းကုန်တွင် ရင်းနှီးမြှုပ်နှံ မှုကုန်ပစ္စည်းကန်ဒေါ်လာ ၂ဘီလီ ယံကျော်၊ လူသုံးကုန်ပစ္စည်း ၁ဒသမ ၄ ဘီလီယံကျော်နှင့် လုပ်ငန်းသုံးကုန်ပစ္စည်း ကန်ဒေါ်လာ ၁ဒသမ၁ဘီလီယံကျော်ပြန်လည် တင်သွင်းခဲ့ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ဦးမြင့်ချိုက ပြောသည်။
ကုန်သွယ်မှုလိုငွေပြနေခြင်း မှာ အနိမ့်ဆုံးလုပ်ခလစာကြောင့် အထည်ချုပ်စက်မှုဇုန်များ ပိတ် သိမ်းသွားခြင်းနှင့်သဘာဝဓာတ် ငွေ့တင်ပို့မှုလျော့နည်းသွားခြင်း တို့ကြောင့်ဟု စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီးပွားရေးအကြံပေးဒေါက်တာ မောင်အောင်က သုံးသပ်သည်။
၂၀၁၅-၁၆ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၇ ဘီလီယံရရှိခဲ့ပြီး လိုငွေဒေါ်လာ ၅ဒသမ၃ဘီလီယံအထိရှိခဲ့သည်။ ယခု ၂၀၁၆-၁၇ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၁ ဘီလီယံရှိရန် ရည်မှန်းထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment