11.8.16

မြန်မာနိုင်ငံမှာ hybrid power လျှပ်စစ်စွမ်းအင် စနစ်တွေကို ဆွီဒင် ကုမ္ပဏီ Flexenclosure နဲ့ မလေးရှား OCK က ထောက်ပံ့ဖြည့်ဆည်းပေးမည်


မြန်မာနိုင်ငံအနှံ့ ပေါင်းစပ်လျှပ်စစ်စွမ်းအင် hybrid power ထုတ်လုပ်မယ့်စနစ်
၈၀ ထူထောင်ဖို့အတွက် ဆွီဒင်အခြေစိုက် hybrid power systems ကုမ္ပဏီ Flexenclosure က ထောက်ပံ့ဖြည့်ဆည်းပေးသွားမှာဖြစ်တယ်လို့ သိရ ပါတယ်။
ယခုလို မြန်မာနိုင်ငံမှာ eSite hybrid power system တွေကို လုပ်ဆောင်မယ့် မလေးရှားရဲ့ OCK အုပ်စုဆီကနေ လုပ်ဆောင်သွားဖို့အမှာစာရရှိထားတယ်လို့ Flexenclosure က ဆိုပါတယ်။
ယင်းစနစ်တွေထဲမှာတော့ လျှပ်စစ်စွမ်းအင်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့
ဘထ္ထရီသိုလှောင်မှုတွေ ပေါင်းစပ်ပြီးတော့ ဝေးလံခေါင်းပါးတဲ့ဒေသတွေဆီကို
ဖြန့်ဖြူးပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။
Flexencloseure က တင်ပို့လာတဲ့ eSites တွေကတော့ OCK ရဲ့ ပါတနာ
တစ်ဦးဖြစ်တဲ့ Telenor ရဲ့ ယခုလက်ရှိ မြန်မာနိုင်ငံမှာလုပ်ဆောင်နေတဲ့
မိုဘိုင်းကွန်ရက်ဖြန့်ကျက်မှုပိုင်းမှာ အထောက်အကူပြုမှာဖြစ်တယ်လို့လည်း
သိရပါတယ်။ (၂၀၁၈ မတိုင်ခင်မှာ နိုင်ငံရဲ့ မိုဘိုင်းကွန်ရက်ဖြန့်ကျက်မှုကို
တိုးမြင့်သွားနိုင်ဖို့ Telenor ကုမ္ပဏီက ရည်ရွယ်ထားပြီး ယခုလက်ရှိ နိုင်ငံ
လူဦးရေ၏ ၁၀ရာခိုင်နှုန်းမှ ၂၀၁၈ မတိုင်ခင် ၈၀ ရာခိုင်နှုန်းထိ တိုးမြင့်
သွားဖို့ရှိနေပါတယ်။)
"ကမ္ဘာပေါ်မှာ အရမ်းကိုပဲ demand ကောင်းနေတဲ့ ဈေးကွက်အတွက် hybrid power systems တွေထူထောင်ဖြည့်ဆည်းဖို့ ထပ်မံရွေးချယ်ခံရလို့ ကျွန်တော်တို့ ၀မ်းသာမိပါတယ်" လို့ Flexenclosure ရဲ့ စီအီးအို David King က ပြောပါတယ်။
ယင်းရဲ့ eSite System ဟာဆိုရင် ၂၄ နာရီ တစ်ပတ်လုံး အချိန်ပြည့်ထောက်
ပံ့ပေးနိုင်အောင်ဒီဇိုင်းထုတ်ထားပြီး ဒီဇယ်အင်ဂျင်နဲ့ပတ်သက်တဲ့ကုန်ကျ
စရိတ်တွေကို လျှော့ချစေနိုင်မှာဖြစ်ပြီးတော့ သမရိုးကျ ဒီဇယ်အင်ဂျင်နဲ့
ထုတ်လုပ်မှုပိုင်းထက်စာရင် ကာဗွန်ထုတ်လွှတ်မှုပိုင်းမှာ ၉၀ ရာခိုင်နှုန်းကျော်
သက်သာလျော့ပါးစေမှာဖြစ်တယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment