11.8.16

မြို့နယ်ဖွံဖြိုးရေးလုပ်ငန်းများအတွက် ကျပ်သိန်းတစ်ထောင် စတင်သုံးစွဲခွင့်ပြု


မြို့နယ်ဖွံဖြိုးရေးလုပ်ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် ဖွံဖြိုးရေးလုပ်ငန်း ဗဟိုကော်မတီက ကျပ်သိန်းတစ်ထောင် စတင်သုံးစွဲခွင့်ပြုကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။



ဒေသဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွှက်ရန်၊ ဖွံဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၇၊ အပိုဒ်ခွဲ(ဃ)အရ လွှတ်တော်ကိုယ်စားလှယ်များထံ ကျပ်သိန်း ၁၀၀၀ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး ဖွံဖြိုးရေးကော်မတီထံမှသိရသည်။

“ကျွန်တော်တို့ မြို့နယ်အတွက် ဖွံဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သိန်း ၁၀၀၀ သုံးစွဲခွင့်ပြုလိုက်ပါတယ်။ ဒေသမှာ ကျေးလက်တံတားလုပ်ငန်း(၂၀)ဆောင်ရွက်မယ်”ဟု ဆင်ပေါင်ဝဲ မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေထက်ဝင်းက ဆိုသည်။

၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်၌ မြို့နယ်ပေါင်း ၃၃၀ တွင် ကျပ်ဘီလီယံ ၃၃၀သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ရုံး ဖွံဖြိုးရေးကော်မတီထံမှသိရသည်။

“မြို့နယ် ၃၃၀အတွက် ကျပ်ဘီလီယံ ၃၃၀ သုံးစွဲသွားမှာပါ”ဟု ဖွံဖြိုးရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ရှင်းပြ ပြောဆိုသည်။

Credit To >>> The Voice Weekly


0 comments:

Post a Comment