10.8.16

အမေရိကန်နိုင်ငံကပေးအပ်တဲ့ ကုန်သွယ်မှုအထူးအခွင့်အရေး GSP ပြန်လည်ရရှိဖို့ ကုန်သည်စက်မှုအသင်း လုပ်ဆောင်


မြန်မာလုပ်ငန်းများ အမေရိကန်နိုင်ငံကပေးအပ်တဲ့ ကုန်သွယ်မှုအထူးအခွင့်အရေး (Generalised System of Preferences-GSP )ပြန်လည်ရရှိဖို့ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံကုန်သည်များနဲစက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း (UMFCCI)တာဝန်ရှိသူတွေထံကသိရပါတယ်။

မြန်မာပို့ကုန်များအမေရိကန်နိုင်ငံကို တင်ပို့ရာမှာ အဆိုပါကုန်သွယ်မှုအထူးအခွင့်အရေး ပြန်လည်ရရှိလာပါက ဒေသတွင်းနိုင်ငံများထက်ဈေးကွက်အခွင့်အလမ်းပိုမိုသာလွန်နိုင်တာကြောင့် GSP ပြန်လည်ရရှိဖို့ တောင်းဆိုရ တာဖြစ်တယ်လို့ UMFCCI တာဝန်ရှိသူကပြောဆိုပါတယ်။

အသင်းချုပ်ဥက္ကဋ္ဌဦးဝင်အောင်က “ GSP အခွင့်အရေးတွေ ပြန်လည်ရရှိတာဟာ စီးပွားရေးလုပ်ငန်းတွေသာမ ဟုတ်ပဲSupply Chain တစ်ခုလုံးရဲ့ အစမှာရှိတဲ့ မြန်မာတစ်နိုင်ငံလုံးရဲ့ အခြေခံလူတန်းစားတွေအထိပါ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းစေမှာဖြစ်ပါတယ်” လို့ပြောပါတယ်။

The American Innovation Roadshow Program အစည်းအဝေးတွင်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန်-အာဆီယံစီးပွားရေးကောင်စီတို့နဲ့တွေ့ဆုံစဉ် မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေက GSPပြန်လည်ရရှိ ရေး တင်ပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။
အမေရိကန်သံအမတ်ကြီး စကောမာရှယ်ကလည်း မြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍနဲ့ အလုပ်အကိုင်ဖန်တီးမှု ဖွံ့ဖြိုး ရေးလုပငန်းတွေက အမေရိကန်နိုင်ငံရဲ့ ဦးစားပေးလုပ်ငန်းတွေမှာပါဝင်သလို နှစ်နိုင်ငံကုန်သွယ်မှုမြင့်တင်နိုင် ရေးအတွက် စီပွားရေးပူးပေါင်းလုပ်ဆောင်မှုတွေ မြင့်တင်သွားမယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။
အဆိုပါအစည်းအဝေးတွင် အမေရိကန်နည်းပညာကုမ္ပဏီကြီးတဲ့ IBM ၊ General Motors၊ Chevrolet၊ GeneralElectrics တို့မှကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment