10.8.16

ဆိပ်ကမ်းရှိ တစ်နှစ်ကျော်ယာဉ်များ သိမ်းဆည်းရာတွင် အမှုမပြီးပြတ်သေးသည့်ယာဉ်များ မပါဝင်ဟုဆို


ဆိပ်ကမ်းအတွင်းရှိ တစ်နှစ်ကျော်ယာဉ်များကို ဩဂုတ်လဆန်းမှစ၍ လေလံစာရင်းသွင်းပြီး သိမ်းဆည်းရာတွင် အကြောင်းအမျိုးမျိုးကြောင့် အမှုမပြီးပြတ်သေးသော ယာဉ်များပါဝင်မည် မဟုတ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးထံမှ သိရှိရသည်။အမှုမပြီးပြတ်သည့်ယာဉ်ဆိုသည်မှာ ယာဉ်မှာယူသည့်နိုင်ငံထံ မြန်မာနိုင်ငံဘက်မှ ယာဉ်တင်သွင်းသူက ငွေကြေး လွှဲပေးရာတွင် ကြန့်ကြာခြင်းပြသနာရှိသည်ယာဉ်များ၊ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေသည့်အတွက် ယာဉ်ကိုထုတ်ယူခွင့်ရရန် အယူခံတင်ထားသည့်ယာဉ်များပါဝင်မည်မဟုတ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးထံမှ သိရှိရသည်။

ဆိပ်ကမ်းတွင် ရောက်ရှိသော ယာဉ်များကို ရက်ပေါင်းခြောက်ဆယ်အတွင်းလာရောက်မထုတ်ယူပါက လေလံ စာရင်းသွင်းထားမည်ဖြစ်ပြီး လေလံစာရင်းသွင်းထားသော ယာဉ်များကို တစ်နှစ်အတွင်းခိုင်လုံသော အထောက်အထားဖြင့် ထုတ်ယူပါက ခွင့်ပြုပေးကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဇူလိုင်လမှ စတင်ကာ ယာဉ်နှင့် ယန္တရားများ ဆိပ်ကမ်းသို့ရောက်ရှိပြီး သုံးရက်အတွင်း လာရောက် ထုတ်ယူပါက ဆိပ်ကမ်းသိုလှောင်ခ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး ထုတ်ယူခြင်း မရှိပါက ယခင်နှုန်းထားထက် နှစ်ဆတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးထံမှ သိရှိရသည်။

ယနေ့အချိန်ထိ ဆိပ်ကမ်းအတွင်းရှိ တစ်နှစ်ကျော်တိုင် လာရောက်ထုတ်ယူခြင်းမရှိသည့် ယာဉ်အစီးရေမှာ ၁၂၀၀ကျော်ခန့်ရှိပြီး အဆိုပါယာဉ်များကို လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“တချို့တွေက လိုင်စင်မရရှိသေးဘဲ ယာဉ်တွေကို ကြိုသွင်းတယ်။ပြီးတော့ ယာဉ်တွေကို သွားမထုတ်တော့ ဆိပ် ကမ်းမှာ ပုံနေတယ်။တချို့ကျတော့လည်း အကြောင်းတစ်စုံတစ်ရာကြောင့် သွားမထုတ်ဖြစ်တာတွေကို အယူခံ ဝင် တာတွေရှိတယ်။ဘာပဲဖြစ်ဖြစ် အခုလိုမျိုး လုပ်တော့ ယာဉ်တင်သွင်းသူတွေအနေနဲ့ မနစ်နာ တော့ဘူး”ဟု ယာဉ် ဝယ်ရောင်းလုပ်ကိုင်သူ ကိုမိုးသူကဆိုသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment