10.8.16

တစ်လ ကျပ်သိန်းနှစ်ထောင်ကျော် သုံးစွဲနေသည့် လွှတ်တော်တွင် အချိန်ကို တန်ဖိုးရှိအောင် ဆောင်ရွက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ပြော

အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ၂၂၄ ဦးဖြင့် ဖွဲ့စည်းထားသော လွှတ်တော် သည် တစ်လလျှင် ကျပ်သိန်းနှစ်ထောင်ကျော် ကုန်ကျနေ၍ အချိန်ကို တန်ဖိုးရှိအောင် ကြိုးစားဆောင်ရွက်သင့်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး(ဘောဂဗေဒ)က လွှတ်တော်တွင် ဩဂုတ် ၉ ရက်ဆွေးနွေးစဉ် ထည့်သွင်းပြောကြားသည်။

‘‘ကိုယ်စားလှယ်တစ်ဦးချင်း အလိုက် ကုန်ကျစရိတ်ကို ပြောရ မယ်ဆိုရင် တစ်ရက် ငါးသောင်း ကျော်၊ တစ်စက္ကန့်ကို ကျပ် ၄၀၀ အသုံးပြုနေရတဲ့အတွက် တန်ဖိုး ရှိတဲ့အချိန်တွေကို ဒီထက်မက တန်ဖိုးရှိအောင် ကြိုးစားဆောင် ရွက်ကြရလိမ့်မယ်လို့ ယူဆပါ တယ်’’ဟု ၎င်းက ဆွေးနွေးသည်။

အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးကျော်ထွေးတင်သွင်း သည့် ‘‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြစ်ဝကျွန်းပေါ် ဒေသများ၊ ကမ်းခြေဒေသများ တွင် နှစ်စဉ်ဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုများနှင့် ခြောက် သွေ့ရာသီ၌ နိုင်ငံတစ်ဝန်း သောက်သုံးရေရှားပါးပြတ်လပ်မှု များအတွက် ခြုံငုံလေ့လာသုံးသပ် ၍ စီမံကိန်းတစ်ရပ်ချမှတ်ပြီး စနစ် တကျအကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန်နှင့် ပြည်သူ လူထုကို အကျိုးပြုခဲ့သော တိမ် ကောမြစ်ချောင်းများအား ပြန် လည်တူးဖော်ပေးနိုင်ပါရန် ပြည် ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း’’အဆိုကို ဆွေးနွေးရာ တွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ် သည်။

လွန်ခဲ့သော ငါးလခန့်က ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ပြီး ပြည်ထောင်စုအစိုးရက ကတိကဝတ်ပြုထားသည့်အဆို နှင့် ယခုတင်သွင်းသည့်အဆိုမှာ အနှစ်သာရအားဖြင့် ထပ်တူညီနေ ခြင်းကို ရည်ညွှန်း၍ ဦးသန်းစိုး (ဘောဂဗေဒ)က အချိန်ကို တန်ဖိုးရှိအောင် ကြိုးစားဆောင်ရွက်သင့် ကြောင်း ပြောဆိုခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ လစာမှာ ကျပ် ၁၀ သိန်းဖြစ်ပြီး နေ့တွက်စရိတ်တစ်နေ့လျှင် ကျပ်နှစ်သောင်းဖြစ်သည်။ လွှတ် တော်အစည်းအဝေးတစ်ခုသည် များသောအားဖြင့် နှစ်နာရီ မကျော်သဖြင့် ယင်းအတိုင်းအတာဖြင့် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုး(ဘောဂဗေဒ)က တွက်ချက် ထားခြင်းဖြစ်သည်။

လွှတ်တော်၌ပေးခဲ့သည့် ကတိကဝတ်အတိုင်း မဆောင် ရွက်နိုင်လျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စု ဝန်ကြီးတစ်ဦးဦးကို စွပ်စွဲပြစ်တင် နိုင်ကြောင်း ဦးသန်းစိုးက ထောက်ပြသည်။

အမျိုးသားလွှတ်တော်၌ တင်သွင်းသည့် ဦးကျော်ထွေး၏ အဆို ကို ကိုယ်စားလှယ် ၁၈ ဦးက သုံး ရက်ကြာ ဆွေးနွေးခဲ့သည်။ ကိုယ် စားလှယ်အများစုက ထောက်ခံ ဆွေးနွေးခဲ့ကြပြီး ကိုယ်စားလှယ် အနည်းငယ်ကသာ မှတ်တမ်းတင် ထားသင့်ကြောင်း ဆွေးနွေးခဲ့ သည်။

ကိုယ်စားလှယ်များ၏ ဆွေး နွေးမှုများအပြီးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ဒုတိယဝန်ကြီး ဒေါက် တာထွန်းဝင်းကလည်း အဆိုကို လွှတ်တော်က မှတ်တမ်းတင်ရန် သာ တင်ပြခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌက အဆို ရှင်၏ သဘောထားကို မေးမြန်း ရာ အဆိုရှင်ကလည်း မှတ်တမ်း တင်ရန် သဘောတူသဖြင့် အဆို ကို လွှတ်တော်က မှတ်တမ်းတင် ခဲ့သည်။

သို့သော် အဆိုရှင်က ယင်း ကိစ္စကို အစိုးရက မည်သို့ပြင်ဆင် ဆောင်ရွက်မည်ကို လွှတ်တော်က လေးလေးနက်နက် စောင့်ကြည့် ရန်နှင့် အများပြည်သူသိရှိရန် လွှတ်တော်သို့ အစီရင်ခံပြီး သတင်းထုတ်ပြန်ပေးရန် တောင်း ဆိုခဲ့ သည်။

‘‘ဒီနေ့မှာ ကျွန်တော်တို့တစ်တွေဟာ သုတေသနလို လုပ်ငန်းမျိုးတွေ စမလုပ်ဘူး။ စမပြင်ဆင်ဘူးဆိုရင် စီမံကိန်းတွေ ဖြစ်လာဖို့ စမကြိုးစားဘူးဆိုရင် လာမယ့်နှစ် တိုင်းနှစ်တိုင်း ဒီဘေးဒုက္ခတွေကို ကျွန်တော်တို့ ပြည်သူတွေ ပူပန် နေကြရမှာ ဖြစ်ပါတယ်’’ဟု အဆို ရှင် ဦးကျော်ထွေးက ပြောသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment