10.8.16

ရန်ကုန်-သန်လျင်တံတားအနီးတွင် လေးလမ်းသွား တံတားသစ်တစ်စင်း တည်ဆောက်မည်

ရန်ကုန်နှင့် သန်လျင်ကို ဆက်သွယ်ထားသည့် ရန်ကုန်-သန်လျင်တံတားအမှတ်(၁)အနီး တွင် လေးလမ်းသွား တံတား သစ် တစ်စင်း ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်သွား မည် ဖြစ်ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသတင်းစာ သို့ သြဂုတ် ၉ ရက် က အတည်ပြုပြောကြားလိုက်သည်။

"တံတားသစ်ကို ဒီတံတားဟောင်းရဲ့အနောက်ဘက်နားမှာ ကပ် လျက် တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒီဇိုင်းရေးဆွဲတာ ကလည်း ပြီးစီး သွားပြီဖြစ်ပါတယ်။ မကြာခင်မှာပဲအစိုးရအဖွဲ့ကို တင်ပြပြီး တည် ဆောက်သွားမှာဖြစ်ပါတယ်" ဟု ၎င်းင်းကဆက် လက်ပြောကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုအခါရန်ကုန်တိုင်းဒေသ ကြီးတွင်ရှိသည့်တံတားကိုးစင်းကို အကြီးစားမွမ်းမံပြင်ဆင်မှုများ ဆောင်ရွက် ရန်စီစဉ်လျက်ရှိပြီး ယင်းကဲ့သို့စီစဉ်နေရာတွင်လည်း ရန်ကုန်-
သန်လျင် တံ တားသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။
" မီးရထားလမ်းပါတဲ့တံတားများဟာ ပညာရှင်တွေရဲ့တွက်ချက် တည်ဆောက်မှုအရ အနည်းငယ်တော့လှုပ်ရပါတယ် မလှုပ်ရင် အန္တရာယ် ရှိပါတယ်။ ဒီတံတားကို လှုပ်လို့ပြင်တာမဟုတ်ပါဘူး။ အရင်ကဒီတံတား ကိုလေလံပေးခဲ့တာမျိုးတွေ ရှိတဲ့အတွက် တံတားပေါ်မှာ တန်ချိန်များတဲ့ ကားတွေသွားလာကြတယ်။ တစ်ခါတစ်ခါကားပိတ် တာမျိုးတွေကြုံတဲ့ အခါမှာ တံတားက တန်ချိန်များစွာ ရှိတဲ့အလေးချိန်ကို ထမ်းခဲ့ရတဲ့အ တွက် ယခုလိုအကြီးစားပြုပြင်မွမ်းမံရတာဖြစ်ပါတယ်။ ဒါပေမဲ့ဒီတံတား ကရထားလမ်းပါပါတဲ့အတွက် ရထားပို့ဆောင်ရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးခဲ့တာဆိုတော့ ယခုလို အကြီးစားပြုပြင်ရမယ့် အခါမှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာနဆီကနေ ပြန်လွှဲပြောင်းပေးဖို့ ကျွန်တော် တို့ဌာနအနေနဲ့ တောင်းဆိုထားတာဖြစ်ပါတယ်" ဟု အဆိုပါတာ ၀န်ရှိသူက ပြောသည်။
အဆိုပါတံတားကို အကြီးစားပြုပြင်ရာတွင်လည်း ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၏အကြံÓဏ်များကို ရယူကာပူးပေါင်းပြင် ဆင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
"တောင်းဆိုထားတာကတော့ ဒီရက်ပိုင်းပဲရှိပါသေးတယ်။ ဒီ တံတားကလည်း ၁၉၉၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ အတွက် နှစ်ပေါင်း ၂၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။ အဲဒါကြောင့် ဒီတံတားကို မှီခိုသွား လာနေကြတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ အန္တရာယ်ကင်းစွာနဲ့ စိတ်ချမ်း သာကိုယ်ချမ်းသာသွားလာနိုင်ဖို့အတွက် ကျွန်တော် တို့ဌာနကနေ ယခု လိုပြုပြင်ဖို့စီစဉ်ရတာဖြစ်ပါတယ်" ဟု ဆက်လက်ပြောသည်။
Credit To >>> Democracy Today

0 comments:

Post a Comment