12.8.16

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံသို့ ‘၀’နှင့် မိုင်းလားအဖွဲ့တို့ တက်ရောက်မည်

‘‘ဒီနေ့အထိ ကျွန်တော်တို့ကို နှုတ်အားဖြင့်အ ကြောင်းပြန်ထားတာက UWSP (‘၀’ပြည်သွေးစည်းညီ ညွတ်ရေးပါတီ) အထူးဒေသ (၂)နဲ့ မိုင်းလားကလည်း ပင်လုံညီလာခံတက်ရောက်မယ်ဆိုတာ ပြောထားတာ ရှိပါတယ်’’ဟု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက သြဂုတ် ၁၁ ရက်တွင် ပြုလုပ်ခဲ့သော နိုင်ငံရေးမူဘောင်သုံးသပ် အစည်းအဝေး အပြီး၌ ပြောကြားသည်။

ရန်ကုန်မြို့တွင် သုံးရက်ကြာပြုလုပ်နေသည့် နိုင်ငံ ရေးဆွေးနွေးမှု မူဘောင်သုံးသပ်ဆွေးနွေးပွဲသို့ တက် ရောက်ရန် မိုင်းလားကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေပြီး ‘၀’ အဖွဲ့ကမူ တက်ရောက်ခြင်းမရှိကြောင်း သတင်းရရှိ သည်။‘၀’ နှင့် မိုင်းလားအဖွဲ့သည် ပင်လုံညီလာခံသို့ မည်သည့်ပုံစံ ဖြင့် တက်ရောက်မည်နှင့် ပတ် သက်၍ ဦးလှမောင်ရွှေက ‘‘အခု ညီလာခံကို ဖိတ်မှာက အားလုံးကို ပုံစံ တစ်ခုတည်း ဖိတ်မယ်လို့ နား လည်တယ်။ ဒါပေမဲ့ ဒါတွေအား လုံးက ဆက်ညှိရမယ်။ ‘၀’နဲ့ မိုင်း လား ညီလာခံတက်မယ် ဆိုတာ တော့ Confirm ပေးထားတယ်။ ဒါပေမဲ့ အစည်းအဝေးက ဘယ် လိုပုံစံနဲ့ ကျင်းပမယ်ဆိုတာက ကျွန်တော်တို့က ညှိနှိုင်းဆဲဖြစ်နေ တယ်။ သူတို့က နှုတ်အားဖြင့်ပြော ထားတာပါ’’ဟု သတင်းထောက် များအားပြောသည်။
အင်အားအကြီးဆုံး တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ် သည့် ‘၀’ (UWSP)နှင့် မဟာမိတ် မိုင်းလားအဖွဲ့တို့သည်တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) တွင် ပါဝင်ခြင်းမရှိသည့် အဖွဲ့များဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာသေးမီက တွေ့ဆုံစဉ် ‘၀’ နှင့် မိုင်းလား ခေါင်းဆောင်များ သည် ၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment