8.8.16

အစိုးရကရောင်းချပေးနေတဲ့ ဒီဇယ်ဆီနဲ့ကုန်ကြမ်းသုံးဆီဈေးနှုန်းတွေ ကို တစ်လတစ်ကြိမ်နှုန်းရှင်သတ်မှတ်မယ်




အစိုးရကရောင်းချပေးနေတဲ့ ဒီဇယ်ဆီနဲ့ကုန်ကြမ်းသုံးဆီဈေးနှုန်းတွေကို တစ်လတစ်ကြိမ် နှုန်းရှင်ဈေးနှုန်းသက်မှတ်ရောင်းချဖို့ သတ်မှတ်လိုက်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန တာဝန်ရှိသူတွေကပြော
ဆိုတာဖြစ်ပါတယ်။
ဒီဇယ်ဆီနဲ့ကုန်ကြမ်းသုံးဆီဈေးနှုန်းတွေကို တစ်နှစ်တစ်ကြိမ်၊ခြောက်လတစ်ကြိမ်ပြောင်းလဲသတ်မှတ်လေ့ရှိပေမယ့် လက်ရှိကမ္ဘာ့ ရေနံဈေးမတည်ငြိမ်တာကြောင့် တစ်လတစ်ကြိမ်ပြောင်းလဲသတ်မှတ်ပြီး အများပြည်သူကိုရောင်းချနိုင်ဖို့စီစဉ် နေတာဖြစ်တယ်လို့ တာဝန်ရှိသူကပြောပါတယ်။
အစိုးရရောင်းချနေတဲ့ဈေးနှုန်းတွေက စင်္ကာပူနိုင်ငံအခြေစိုက် Mean of Platts Singapore ကိုအခြေတည်တွက်ချက်ထားတာ ဖြစ်ပြီး အခုလအတွင်းဆီဈေးနှုန်းတွေ ထက်ဝက်ကျဆင်းလာနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
ယခင်ဒီဇယ်ဆီတစ်ဂါလုံကို ကျပ် ၂၅၀၀ မှ ၂၀၀၀၊ ထို့အတူ cgo(Coker Gas Oil) တစ်ဂါလံကို ငွေကျပ် ၂၇၀၀ မှ ၁၅၅၀၊ ဆီပြာ(Blue Oil)တစ်ဂါလံကိုငွေ ကျပ် ၃၅၀၀ မှ ၁၃၅၀ အထိကျဆင်းနေတာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဒီဇယ်ဆီတွေကို ပြည်တွင်းလုပ်ငန်းတွေက စက်သုံးဆီအဖြစ်အသုံးပြုကြပြီး ကျန်နှစ်မျိုးကိုတော့ အမွှေးတိုင်ထုတ်လုပ်ခြင်း ဂုန်လျှော်လုပ်ငန်းတွေနဲ့ အရက်ချက်ရမှာသုံးစွဲနေကြတာဖြစ်ပါတယ်။အဆိုပါဆီတွေကပြည်တွင်းကထွက်ရှိတာဖြစ်ပြီး ပြည်ပတင်ပို့ခြင်းမရှိပဲ ပြည်တွင်းမှာသာနိုင်ငံတကာဈေးတွေနဲ့ခြိမ်ညှိရောင်းချနေ တာဖြစ်တယ်လို့သိရပါတယ်။

Credit To >>>SFJ Strategy First Journal

0 comments:

Post a Comment