8.8.16

SME လုပ်ငန်းများအတွက် မူဝါဒတစ်ခု ထုတ်ပြန်ရန် လိုအပ်ဟုဆို

နိုင်ငံတော်က ဇူလိုင်၂၉ ရက်တွင် ထုတ်ပြန်လိုက်သည့် စီးပွားရေး မူဝါဒတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် မူဝါဒကို အကြမ်းဖျဉ်း သဘောသာ ဖော်ပြထားသည့်အတွက် တိကျသည့် မူဝါဒတစ်ခု ထုတ်ပြန်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။
မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖြစ်ပြီး ယင်းလုပ်ငန်းများအတွက် ငွေကြေး၊ နည်းပညာနှင့် ဈေးကွက်များ လိုအပ်ပြီး အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအပြင် အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးရန်အတွက် ဘဏ်များကလည်း ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ 

နိုင်ငံတော်က ထုတ်ပြန်သည့် စီးပွားရေး မူဝါဒ ၁၂ ချက်ထဲမှ နှစ် အချက်ဖြစ်သည့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ပိုမို အောင်မြင်စေရန် ဆောင်ရွက်ခြင်း၊ ပြုပြင်ပြောင်းလဲ လုပ်ကိုင်နိုင်ခြေရှိသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲ လုပ်ဆောင်ခြင်းတို့အပြင် အလုပ်အကိုင် ရရှိရေးနှင့် စီးပွားရေး တိုးတက်မှုကို အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးကူညီရန် ဟူ၍ နိုင်ငံတော်၏ စီးပွားရေး မူဝါဒတွင် ဖော်ပြထားသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment