8.8.16

ရန်ကုန်မြို့တော်သာယာလှပတိုးတက်ရေးအတွက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်


သာယာလှပတဲ့မြို့တော် အဖြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရန်ကုန် မြို့တွင်းရှိမြို့နယ်များအားလုံးက ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများလိုအပ်လာပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်စုစုပေါင်း ၄၅ ခုရှိပြီး မြို့စွန်ရှိမြို့နယ်များရဲ့ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ ပိုမို လုပ်ကိုင်ရန် လိုအပ်လာပြီဖြစ်ပါတယ်။ နှစ်စဉ်တိုးတက်လာနေတဲ့ ရန်ကုန်မြို့နေလူဦး ရေနဲ့ လိုက်ဖက် မှုရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကိုလည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့ပြ စီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ၂၀၄၀ စီမံကိန်းကို အခြေခံပြီး မြို့သစ်(၇)မြို့နယ် တိုးချဲ့ရန်လျာထားစီမံကိန်းရေးဆွဲထားပြီးဖြစ်တယ်လို့ပြောပါတယ်။
ရေပေးဝေမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးမှု တို့ကို ကဏ္ဍအလိုက်သီးခြားလုပ်ဆောင်နေတာတွေရှိပြီး ထန်းတပင်မြို့သစ်စီမံကိန်းကို ကုလသမဂ္ဂနဲ့ပူးပေါင်းရေးဆွဲလျက်ရှိတယ်လို့ ပြောပါတယ်။ အနောက်တောင်မြို့သစ်မံကိန်း ကိုလည်း ယခင်လွှတ်တော်က အတည် ပြုပြီးတဲ့ အတွက် မကြာမီစတင် တော့မှာဖြစ်တယ်လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။
“မြို့ပြဖွံ့ဖြိုးမှုနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးမှုဟာလဲဆက်စပ်နေတဲ့အတွက်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်းများရေဆွဲသလို ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများလည်းတစ်ပြိုင်တည်း ဆောင်ရွက်နေကြ ပါတယ်။ကျေးလက်နဲ့ မြို့ပြတစ်ပြေး ညီဖွံ့ဖြိုးရန်လိုအပ်ပါတယ်။ ဒါမှသာ ကျေးလက်နေသူများ ဟာ မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်မှုနည်းပြီး မြို့ပြ၏ လုပ်ငန်းဆောင်တာများ နည်းသွားကာ လှပကောင်း မွန်တဲ့မြို့များအဖြစ်ရပ်တည်နိုင်မှာဖြစ်တယ်” လို့ ၄င်းက ဆက်လက်ပြောပါတယ်။ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြို့စွန်ရှိမြို့နယ်များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအတွက် ဘက်ဂျက်လိုအပ်လျှက်ရှိတယ်လို့ပြောကြားထားတာရှိပါတယ်။
House.com.mm မှ Managing Director ဖြစ်သူ MR. Nitesh Khirwalက “အစိုးရသစ်အနေနဲ့ မြို့စွန်ရှိမြို့နယ် ၁၂ ခုရဲ့ဟန်ချက်ညီတဲ့တိုးတက်မှုကိုပြုလုပ်ရန် ရည်ရွယ်လာတဲ့အ ခါမှာ ငွေးကြေးတစ်ရပ် လိုအပ်လာခြင်းကကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအတွက် Public-Private-Pantnership (PPP) စနစ်၊ BuildOperate-Transfer (BOT) စသောစနစ်များက ကောင်းမွန်သောစနစ်များ အဖြစ်ထည့်သွင်း စဉ်စားနိုင်မှာဖြစ်ပါတယ်။ public နှင့် private sectorတို့ပူးပေါင်းလုပ်ဆောင်ချက်များဖြစ်တဲ့ မန္တလေး-မှုဆယ် အမြန်လမ်းမကြီး၊မြန်မာပလာဇာနှင့် Lake Suites တို့ဆိုရင်လည်းကောင်းမွန်အောင်မြင်တဲ့ ပူးတွဲလုပ်ဆောင်မှု များဖြစ် ပါတယ်။” လို့ သူရဲ့အမြင်ကိုပြောကြားလိုက်ပါတယ်။ 
Credit To >>>SFJ Strategy First Journal 

0 comments:

Post a Comment