12.9.16

၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမအကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်


မြန်မာနိုင်ငံအနေနဲ့ ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမအကောင်အထည်ဖော်ရေးအတွက် အာဆီယံနိုင်ငံများ၊
တရုတ်နိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်ဒုတိယ သမ္မတ ဦးမြင့်ဆွေက ယမန်နေ့ကကျင်းပခဲ့တဲ့ တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးဖွင့်ပွဲမှာ ပြောကြား
ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမဆောင်ရွက်မှုက ကုန်သွယ်ရေး၊ အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုနဲ့ အခွင့်အလမ်းသစ်များစွာကိုဖန်တီးပေးနိုင်မှာဖြစ်တဲ့အတွက် တရုတ်-အာဆီယံနိုင်ငံများအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ဦးမြင့်ဆွေကထည့်သွင်းပြောကြားခဲ့ပါတယ်။
တစ်ခုတည်းသော ရပ်ဝန်း၊ တစ်ခုတည်းသော လမ်းကြောင်း (One belt one road) က ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များနဲ့ ဈေးကွက်အသစ်များကိုဖော်ဆောင်ပေးနိုင်ရေး၊ ကုန်ထုတ်လုပ်မှု၊ အခြေခံအဆောက်အအုံနဲ့ ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များမှာ ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်နိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။
အာဆီယံ-တရုတ် ကုန်သွယ်မှုမှာ ၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၄၇၂ ဘီလီယံအထိ တိုးတက်ခဲ့ပြီးရင်းနှီးမြှုပ်နှံမှုများလည်း တိုးမြှင့်လာခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ အာဆီယံ-တရုတ် နှစ်ဖက်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ထရီလီယံ၊ ရင်းနှီးမြှုပ်နှံမှု
တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံ ရရှိရေးမျှော်မှန်းထားကြပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြီးခဲ့တဲ့ သြဂုတ်လအတွင်း တရုတ်နိုင်ငံ သို့ သွားရောက်ခဲ့ပြီး အပြန်အလှန်အကျိုးစီးပွားကိစ္စရပ်များအတွက် ဆွေးနွေးခဲ့ကြပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment