12.9.16

ရွှေဈေးမြင့်တက်နေတာကြောင့် ရောင်းလိုသူများနေ


ပြည်တွင်းရွှေဈေးမြင့်တက်နေတာကြောင့် ဈေးကွက်အတွင်းပြန်ရောင်းလိုသူတွေများနေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက
ပြောပါတယ်။ကမ္ဘာ့ရွှေဈေးက အမေရိကန်ဒေါ်လာ ၁၃၂၈ မှာရှိနေပြီး မြန်မာ့ရွှေဈေးကလည်း ၈၆၆၀၀၀ ကျပ်အထိလိုက်ပါ မြင့်တက်နေတာကြောင့် ဈေးကွက်အတွင်း ရောင်းလိုသူမြင့်တက်နေ တာလို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းတာ ၀န်ရှိသူကပြောပါတယ်။
ယင်းတာဝန်ရှိသူက “ အခုရွှေဈေးကွက်မှာ ၀ယ်လိုအားထက်ရောင်းလိုအားက ပိုများနေတယ်။ အခုဒေါ်လာ ဈေးကလည်အတက်မှာရှိနေတော့ ပြည်တွင်းရွှေဈေးကလည်းမြင့်ပြီး အ၀ယ် ထက်အရောင်းဘက်က မြင့်နေတာပါ” လို့ပြောပါတယ်။ပည်တွင်းရွှေဈေးမှာ အခုလဆန်းပိုင်းက တစ်ကျပ်သားကို
ကျပ် ၈၅၂၀၀၀ မှာရှိနေပြီး ကမ္ဘာ့ရွှေဈေးက ၁၃၁၀ ဒေါ်လာ မှာရှိခဲ့ပါတယ်။ ဒေါ်လာငွေလဲလှယ်နှုန်းကလည်း ၁၂၁၀ ကျပ် ၀န်းကျင်မှာရှိခဲ့တာဖြစ်ပါတယ်။လက်ရှိစက်တင်ဘာ ၁၁ ရက်နေ့ ကမ္ဘာ့ရွှေဈေးက ၁၃၂၈ ဒေါ်လာမှာရှိနေပြီး ဒေါ်လာငွေလဲလှယ်နှုန်းကလည်း ၁၂၂၄ ကျပ်ဝန်း ကျင်မှာရှိနေတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းက ကျပ် ၈၆၆၀၀၀၀န်းကျင်အထိမြင့်တက်နေ တာဖြစ်ပါတယ်။ရွှေဈေးမြင့်တက်နေတာကြောင့် ရွှေဝယ်ယူစုဆောင်းလိုသူတွေအနေနဲ့ လာမယ့်ပွင့်လင်းရာသီဈေးနှုန်း တည်ငြိမ်မှုရှိတဲ့အချိန်မှသာ ၀ယ်ယူသင့်တယ်လို့လည်း အကြံပြုပြောဆိုပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment