12.9.16

ထိုးစစ်ဆင်မှုအားလုံး အမြန်ဆုံးရပ်တန့်၍ နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် UNFC သဘောထားထုတ်ပြန်


မြေပြင်တွင်ဖြစ် ပေါ်နေသည့် မြန်မာ့တပ်မတော် ၏ ထိုးစစ်ဆင်မှုများအားလုံး အ မြန်ဆုံးရပ်တန့်ကာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် အ ဖြေရှာရေး နိုင်ငံရေးယဉ်ကျေးမှု သစ်တစ်ရပ်ကို လက်တွေ့ကျင့် သုံး၍ အဖြေရှာရန်လိုအပ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဗဟိုအလုပ်အမှုဆောင် ကော်မတီက စက်တင်ဘာ ၁၁ ရက်တွင် သဘောထားထုတ်ပြန်သည်။

၂၁ ရာစုပင်လုံညီလာခံ ပထမအစည်းအဝေးပြီးနောက် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပါ အ၀င် နိုင်ငံရေးအခြေအနေအရပ် ရပ်တို့အပေါ် ပြန်လည်သုံးသပ် ဆွေးနွေးသည့် UNFC ဗဟိုအ လုပ်အမှုဆောင်ကော်မတီ အရေး ပေါ် (တိုးချဲ့)အစည်းအဝေးကို စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ရက်များတွင် ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။

သြဂုတ် ၃၁ ရက်မှ စက်တင် ဘာ ၃ ရက်ထိ နေပြည်တော်၌ ပြု လုပ်ခဲ့သော ၂၁ ရာစုပင်လုံညီလာ ခံမှာ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လူထုသို့ သက်သေထူ၍ တင်ပြခဲ့ သည့် သမိုင်းဝင်အစည်းအဝေး ကြီးတစ်ခုအဖြစ် မှတ်ယူကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။


ထိုသို့ကျင်းပနိုင်ရန် ကြိုးပမ်း လုပ်ဆောင်ခဲ့သည့် သမ္မတဦးထင် ကျော်ဦးဆောင်သော အစိုးရနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တို့အား ဂုဏ်ပြုမှတ်တမ်းတင် ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

သို့သော် အစိုးရအနေဖြင့် အားလုံးပါဝင်ရေးကို ဆက်လက် ဖော်ဆောင်ရန် လိုအပ်နေသေး ကြောင်း UNFC က ထောက်ပြ သည်။

UNFC အနေဖြင့် တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးအပါအ ၀င် ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တို့ကို ဆက်လက်ကြိုးပမ်းဆောင် ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ထည့်သွင်းဖော်ပြသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment