12.9.16

လုပ်ငန်းသုံးယာဉ်ယန္တရားများကို အရောင်းပြခန်းဖြင့် ဖွင့်လှစ်ရောင်းချခွင့်ပေးရန် စီစဉ်

လုပ်ငန်းသုံးယာဉ်ယန္တ ရားများကို လာမည့် ၂၀၁၇ တွင် အရောင်းပြခန်းများဖြင့် ဖွင့်လှစ် ရောင်းချခွင့်ပေးရန်  စီစဉ်နေ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

အဆိုပါ အရောင်းပြခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် လက်ရှိ တွင် မူဝါဒများ ရေးဆွဲနေပြီး အ မှန်တကယ်ရောင်းချမည့်သူများ ကိုသာ စိစစ်ခွင့်ပြုမည်ဖြစ်ကာ ပါ မစ်များလျှောက်ထားပြီးတစ်ဆင့် ပြန်လည်ရောင်းချသူများကို ရောင်းချခွင့်ပေးမည်မဟုတ်ကြောင်း အထက်ပါဝန်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူးက ဆိုသည်။
လက်ရှိတွင် လုပ်ငန်းသုံး ယာဉ်နှင့် ယန္တရားများကို ကုမ္ပဏီ လိုင်စင်ဖြင့် ပင်လယ်ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ တင်သွင်းခွင့်ပြုနေခြင်း ဖြစ် သည်။
 လိုင်စင်  တစ်စောင်လျှင် ဆယ်စီးနှုန်းဖြင့် လုပ်ငန်းလိုအပ် ချက်ရှိပါက လိုင်စင် အကန့်အ သတ်မရှိ လျှောက်ထားတင်သွင်း ခွင့်ပြုနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ သိရသည်။
‘‘ယန္တရားတွေကလည်း နယ် စပ်ကုန်သွယ်ရေးစခန်းတွေနဲ့ ပင် လယ်ရေကြောင်းကနေ ပုံမှန်တင် သွင်းမှုရှိနေတယ်။ ရန်ကုန် အ တွက်ဆိုရင်လည်း ယန္တရား တင် သွင်းရင် ကားပါကင်ထောက်ခံ ချက်မလိုဘဲ ခွင့်ပြုပေးနေတယ်’’ ဟု အထက်ပါအကြီးတန်းအရာရှိ က ပြောကြားသည်။
၂၀၁၅ ဒီဇင်ဘာနှင့် ၂၀၁၆ ဇန်န၀ါရီကစတင်ကာ ပင်လယ်ရေကြောင်းမှ ယာဉ်ယန္တရားတင်သွင်း မှုများကို ကန့်သတ်ချက်များအရ တစ်နှစ်လျှင် လိုင်စင် တစ်စောင် ယာဉ်ယန္တရားကြီးဆယ်စီးသာ တင်သွင်းခွင့်ပြုရန် ယာယီသတ်မှတ်ပြီး နယ်စပ်မှယာဉ်နှင့် ယန္တရား များ တင်သွင်းခွင့်ကို ရပ်ဆိုင်းခဲ့သည်။ ထို့နောက် လုပ်ငန်းသုံးယာဉ်နှင့် လယ်ယာသုံး ယာဉ်များကို ယခုနှစ်မေလတွင် ပြန်လည်တင်သွင်းခွင့်ပြုခဲ့သည်။
‘‘ယန္တရားတွေကို အရောင်း ပြခန်းဖွင့်လှစ်ရောင်းချခွင့်ပေးလာ ရင် ကုမ္ပဏီငယ်လေးတွေအတွက် အဆင်ပြေလာနိုင်တယ်။ အခုတင် သွင်းနေကြတာတွေက ကိုယ်တိုင် သုံးဖို့ တင်သွင်းနေတဲ့ ကုမ္ပဏီကြီး တွေ များတယ်။ ကိုယ့်ကုမ္ပဏီအ သုံးပြုဖို့လောက် တင်သွင်းနေကြ တာဆိုတော့ အခုလို အရောင်းစင် တာ ဖွင့်လှစ်ရောင်းချခွင့်ပြုလိုက် ရင် ပိုအဆင်ပြေလာနိုင်တယ်’’ ဟု မြန်မာ့မော်တော်ယာဉ်ထုတ်လုပ် ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအ သင်း အတွင်းရေးမှူးဦးမျိုးဇင်ဝင်း က ပြောကြားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment