2.9.16

မြန်မာ-အိန္ဒိယကုန်သည်များချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် နှစ်ဖက်စီးပွားရေးလုပ်ငန်းများ ပိုမိုထိတွေ့လာစေရန် ကြိုးပမ်း


မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သည်များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် နှစ်ဖက်စီးပွားရေး လုပ်ငန်းများ ကို ပိုမိုထိတွေ့လာစေရန် မြန်မာနိုင်ငံကုန်သည်/စက်မှုအသင်းချုပ်ကကြိုးပမ်းနေတယ်လို့ အဆိုပါအသင်းချုပ် ရဲ့ တာဝန်ရှိသူမျာကပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက်က မြန်မာနိုင်ငံကုန်သည်/စက်မှုအသင်းချုပ်ရုံးမှာမြန်မာနိုင်ငံကုန်သည်/စက်မှု အသင်းချုပ် နဲ့ အိန္ဒိယနိုင်ငံ အင်ဒို-မြန်မာ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း(Indo-Myanmar Chamber of Commerce and Industries) တို့အကြား နားလည်မှု စာချွန်လွှာ ရေးထိုးပွဲမှာ အသင်းချုပ်ရဲ့ တာဝန်ရှိသူတွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများမှာတခြား အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်နွယ် ဆောင်ရွက်မှုများ နဲ့နှိုင်းယှဉ်ပါက နိမ့်ကျလျက်ရှိနေပါသေးတယ်။ သို့သော နှစ်နိုင်ငံအကြား ဈေးကွက်နဲ့ ပထ၀ီဝင်ဆိုင်ရာ အခွင့်အလမ်းကောင်းတွေကြောင့်နှစ်ဖက်စီးပွားရေးလုပ်ငန်းများကို ပိုမို ထိတွေ့လာစေရန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားကြမယ်လို့ ကုန်သည်/စက်မှုအသင်းချုပ်က သိရပါတယ်။
Business Matching အနေနဲ့ ကျောက်မျက်ရတနာလုပ်ငန်းများ၊ လယ်ယာသုံး စက်မှုပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများ၊စက်မှုနည်းပညာများ၊ စွမ်းအင်ထုတ်လုပ်ငန်းများစတဲ့ လုပ်ငန်းဆိုင်ရာ နှစ်ဖက် စီးပွားရေး လုပ်ငန်းရှင်များကလုပ်ငန်းများပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ပါတယ်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်လာစေရေးအတွက်
လေကြောင်း လိုင်းပြေးဆွဲမှုများကနေ ခရီးသွားလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးလာစေခြင်း စတဲ့ နည်းလမ်းများနဲ့ အချိန်ယူဆောင်ရွက်ကြရမယ်လို့ မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ်ကတာဝန်ရှိသူတွေက ပြောကြားခဲ့ ပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြားနိုင်ငံရေး၊ စီးပွားရေး အတွက် နှစ်ဖက် အစိုးရ တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ပြီး ပုဂ္ဂလိကအနေနဲ့လည်း နှစ်ဖက်စီးပွားရေးအသင်းအဖွဲ့နဲ့ လုပ်ငန်းရှင်များ အကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လျက်ရှိပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment