2.9.16

ငလျင်လှုပ်ခဲ့သော်လည်း ပုဂံသို့ ပြည်ပဧည့်အ၀င် ယမန်နှစ်အလားတူ ကာလထက် ပိုမြင့်တက်လာ


အင်အား ပြင်းငလျင်လှုပ်ခတ်ပြီးနောက် ပုဂံ သို့ကမ္ဘာလှည့်ဧည့်ဝင်ရောက်မှုမှာ ယမန်နှစ်ကာလတူအချိန်ထက်ပိုများ လာကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ သိရသည်။


၂၀၁၅ ခုနှစ်သြဂုတ်က ပုဂံ ဒေသသို့ရောက်ရှိလည်ပတ်သည့်
ပြည်ပဧည့်ဦးရေတစ်သောင်းနှစ် ထောင်သာရှိခဲ့ပြီး ယခုနှစ်သြဂုတ် လတွင်ပြည်ပဧည့်တစ်သောင်းငါးထောင်လာရောက်လည်ပတ်မှုရှိ
ကြောင်းသိရသည်။ပုဂံဒေသတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့်
ပုဂံသို့ ရောက်ရှိနေသော ပြည်ပဧည့်များ ခရီးစဉ်ဖျက်သိမ်းသွားခြင်းမရှိသကဲ့သို့ လာရောက်လည်ပတ်ရန်ကုမ္ပဏီ များထံမှခရီးစဉ်ကြိုတင်ဝယ်ယူထား မှုများကိုလည်း ဖျက်သိမ်းခြင်းမရှိ ကြောင်း ဟိုတယ်နှင့်ခရီးသွားလာ
ရေးဝန်ကြီးဌာန၏ပြုစုထားသည့် မှတ်တမ်းများအရ သိရသည်။

ပုဂံဒေသရှိ ငလျင်ကြောင့် ပျက် စီးခြင်းမရှိသေးသည့်ရှေးဟောင်း ဘုရားများကို ၀င်ရောက်လေ့လာ နိုင်ခြင်း၊ ယခုကဲ့သို့ ထူးခြားသည့်
ဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ လေ့လာနိုင်ခြင်းတို့ ကြောင့်
ကမ္ဘာလှည့်ဧည့်များပိုမို စိတ်ဝင်စားကြကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည် တွင်းပြည်ပဆက်ဆံရေး၊ သတင်း နှင့်ပြန်ကြားရေးဌာနမှ ညွှန်ကြား ရေးမှူးဦးမြင့်ထွေးက စက်တင်ဘာ ၁ ရက်တွင်ဒီမိုကရေစီတူဒေးသို့ ပြောသည်။

"ပုဂံမှာလေ့လာဖို့ဘုရားတွေ အများကြီးလည်း ရှိနေသေးသလို ဘုရားအချို့ကိုတားမြစ်ကန့်သတ် ထားတဲ့အပြင်ကနေ လေ့လာခွင့် ပေးထားလို့ ဧည့်သည်ဝင်ရောက်မှု က ခရီးစဉ်ဖျက်ပြီး ပြန်သွားတာမျိုး လည်းမရှိသလို လာရောက်လည် ပတ်မှုလည်း လျော့မသွားဘဲမနှစ်က ထက် ပိုတိုးလာတယ်"ဟု ၎င်းက ပြောသည်။
သြဂုတ် ၂၄ ရက်ညနေပိုင်းက ပုဂံဒေသတွင် အင်အားပြင်းငလျင် တစ်ခုလှုပ်ခတ်ခဲ့ခြင်းကြောင့် ပုဂံ တွင်အလည်အပတ်ရောက်ရှိနေသည့် စပိန်နိုင်ငံသူတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

၂၀၁၅ ခုနှစ် သြဂုတ် ၂၅ ရက်တွင်ပုဂံသို့ပြည်ပဧည့်အ၀င် ၂၉၈ ဦးရှိခဲ့ပြီး ယခုနှစ်ငလျင်လှုပ်ခတ်မှုဖြစ် ပွားခဲ့ပြီးသည့် သြဂုတ် ၂၅ရက်တွင် ပုဂံသို့ပြည်ပဧည့်အ၀င် ၃၀၄ ဦးရှိခဲ့ ကာ သြဂုတ် ၂၄ရက်တွင် ပုဂံ၌ ရောက်ရှိနေသော ပြည်ပဧည့် စုစု ပေါင်းမှာ တစ်သောင်းခန့်ရှိကြောင်း သိရသည်။
ယမန်နှစ် သြဂုတ် ၂၆ ရက်က ပုဂံဒေသသို့ ပြည်ပဧည့် ၂၇၂ ဦးလာ ရောက်ခဲ့ပြီး ယခုနှစ်သြဂုတ် ၂၆ ရက် တွင် ၃၆၈ ဦး၊ ယမန်နှစ်သြဂုတ် ၂၇ ရက်တွင်ပြည်ပဧည့်၂၂၁ ဦးနှင့် ယခုနှစ်သြဂုတ် ၂၇ ရက်တွင် ၃၈၄ ဦးဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

ယခုအခါပုဂံဒေသသို့ရောက် ရှိလည်ပတ်နေသည့် ပြည်ပဧည့် သည်များတွင် အမေရိကန်နိုင်ငံ သားအများဆုံးဖြစ်ပြီး ဒုတိယအများ ဆုံးမှာဂျာမနီနိုင်ငံသားနှင့် တတိယ အများဆုံးမှာပြင်သစ်နိုင်ငံသားတို့ ဖြစ်ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ဘုရားပုထိုးစေတီစုစု ပေါင်းသုံးထောင်ကျော်ရှိပြီး ငလျင် ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဘုရားပုထိုးပေါင်း ၄၀၀ နီးပါးခန့်ဖြစ် ကာ ပျက်စီးခဲ့သည့်ဘုရားသုံးဆယ် ကျော်ကို ၀င်ရောက်ခြင်းမပြုရန် တားမြစ်ကန့်သတ်ထားကြောင်း သိရသည်။

Credit To >>> Democracy Today

0 comments:

Post a Comment