2.9.16

HK Express လေကြောင်းလိုင်းသစ် ဟောင်ကောင်-ရန်ကုန် တိုက်ရိုက်ခရီးစဉ် စတင်ပြေးဆွဲ

 ဟောင်ကောင်အခြေ စိုက် HK Express လေကြောင်း လိုင်းက ဟောင်ကောင်-ရန်ကုန် တိုက်ရိုက်ခရီးစဉ်ကို စက်တင်ဘာ ၁ ရက်တွင် စတင်ပြေးဆွဲခဲ့သည်။
။မြန်မာနိုင်ငံသားများအနေ ဖြင့် လေ့လာစရာ ပေါများသော ဟောင်ကောင်သို့ ဈေးသက်သက် သာသာ သွားရောက်နိုင်ရန်နှင့် နှစ် နိုင်ငံခရီးသွားလုပ်ငန်းများဖွံ့ဖြိုး စေရန် ရည်ရွယ်ပြေးဆွဲခြင်းဖြစ် ကြောင်း HK Express မှ အထွေထွေမန်နေဂျာ Mr.ShermanLuk က ပြောသည်။
‘‘မူလကတော့ ဟောင် ကောင်နဲ့ လေကြောင်းသဘောတူ စာချုပ်အရ ပြေးဆွဲနေတာ Hong Kong Dragon Air Line ရှိတယ်။ အခု ဒီလေကြောင်းလိုင်းပြေးဆွဲ ခဲ့တဲ့အတွက် ဈေးသက်သက်သာ သာနဲ့ သွားနိုင်တဲ့ အခွင့်အရေး ထပ်ရတာပေါ့’’ဟု မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။
HK Express လေကြောင်း လိုင်းစတင်ပြေးဆွဲခြင်းအထိမ်းအ မှတ်အဖြစ် စက်တင်ဘာ ၄ ရက် အထိ ဝယ်ယူမှုများကို မူလဈေး နှုန်းထက် ၅၀ ရာခိုင်နှုန်းလျှော့ချ မည်ဖြစ်ပြီး ယင်းနေ့ည ၁၁ နာရီ ၅၉ မိနစ်အထိ ဝယ်ယူမှုများ အကျုံးဝင်မည်ဖြစ်ကာ ခရီးသွား ကာလအဖြစ် ၂၀၁၇ ဇူလိုင် ၁၃ ရက်အထိ သွားလာနိုင်သည်။
ဈေးနှုန်းလျှော့ချမှု အစီအ စဉ်အရ ရန်ကုန်-ဟောင်ကောင် အသွား၊ အပြန်ခရီးစဉ်နှုန်းထား များမှာ လေဆိပ်အခွန်အခများ အပါအဝင် အမေရိကန်ဒေါ်လာ ၁၅၀ မှ ၂၀၀ ကြား ကျသင့်နိုင် ကြောင်း ယင်းလေကြောင်းလိုင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားကာ အသေးစိတ်သိရှိလိုပါက www. hkexpress.com ၌ လေ့လာနိုင်သည်။
HK Express လေကြောင်း လိုင်းသည် ဟောင်ကောင်မှ ရန် ကုန်မြို့သို့ တစ်ပတ်လျှင်လေးကြိမ်ပျံသန်းပြေးဆွဲမည် ဖြစ်ကာ တနင်္လာ၊ အင်္ဂါ၊ စနေ၊ ကြာသပတေးနေ့များ၌ ပြေးဆွဲမည်ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်မှ ဟောင်ကောင်သို့ လေကြောင်းလိုင်း သုံးလိုင်းပျံသန်းပြေးဆွဲနေကာ နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းက ရက်သတ္တပတ်တစ်ပတ်လျှင် လေးရက်ပျံသန်းနေပြီး ဟောင်ကောင်အခြေစိုက် လေကြောင်းလိုင်းဖြစ်သော Hong Kong Dragon Air Line နှင့် HK Express Air Line တို့ ပျံသန်းပြေးဆွဲနေခြင်းဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment