
“ ကျွန်တော်တို့အနေနဲ့ အပျော်စီးဇိမ်ခံသင်္ဘောကြီးတွေ အဓိက ဆိုက်ရောက်ဖို့ နေရာတစ်ခုအဖြစ် ဖန်တီးသွားမှာဖြစ်ပါတယ်၊
ဒါဟာ Mumbai မြို့အတွက်လည်း အထောက်အကူဖြစ်လာနိုင်ဖို့ရှိပါတယ်” လို့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ဥက္ကဌ Sanjay Bhatia က ပြောပါတယ်။
အဆိုပါ ဆိပ်ကမ်းကြီးကိုတော့ လေယာဉ်ကွင်းတစ်ကွင်းပုံစံအတိုင်း တည်ဆောက်သွားမှာဖြစ်ပြီးတော့ လာမယ့်နှစ်နှစ်လာက်ကျရင် သင်္ဘောတစ်စီးတည်းပေါ်ကနေ ခရီးသည်ထောင်ပေါင်းများစွာကို လက်ခံကြိုဆိုဧည့်ခံပေးနိုင်တော့မယလို့လည်း ၎င်းက ပြောပါတယ်။ဆိပ်ကမ်းပြီးစီးသွားမယ်ဆိုရင် လာမယ့် မေလလောက်ကျရင်
သင်္ဘောစီးရေ ၅၉ စီးထိ ၀င်ဆံ့လက်ခံနိုင်မယ်လို့ Mumbai port အာဏာပိုင်အဖွဲ့က မျှော်လင့်ထားပြီး နောက်တစ်ရာသမှာ သင်္ဘောစီးရေ ၁၀၀ နဲ့ နောက်တစ်နှစ်မှာ စီးရေ ၁၅၀ လောက်ထိ ထပ်တိုးလက်ခံနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။
သင်္ဘောတစ်စီးတိုင်းမှာ ခရီးသည် အနည်းဆုံး ၂,၀၀၀ လောက်ထိ လိုက်ပါလာနိုင်တဲ့အတွက်လည်း ယင်းက ပြည်တွင်း စီးပွားရေး ကိုလည်း ထောက်ကူပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း SanjayBhatia က ပြောသွားပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment