31.10.16

မော်လမြိုင်ရှိ SCG ဘိလပ်မြေစက်ရုံကို ၂၀၁၆ ခုနှစ် စတုတ္ထလေးလပတ်မှာ စတင်လည်ပတ်သွားမယ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ တည်ရှိတဲ့ SCG ဘိလပ်မြေစက်ရုံကို၂၀၁၆ ခုနှစ် စတုတ္ထလေးလပတ်မှာ စတင်လည်ပတ်သွားသွားရန်စီစဉ်ထားတယ်လို့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်တဲ့ SCG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မော်လမြိုင် SCG ဘိလပ်မြေစက်ရုံကနေ အရည်အသွေးမြှင့်ဘိလပ်မြေစက်ရုံများကို ထုတ်လုပ်နိုင်ရန်အတွက် အဆင့်မြင့်နည်းပညာများကို အသုံးပြုသွားမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက်ကိုလည်း
ဂရုပြုဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။“ မြန်မာနိုင်ငံရှိ ဘိလပ်မြေစက်ရုံကလည်း စမ်းသပ်လည်ပတ်တဲ့အဆင့်ရောက်ရှိနေပြီး ၂၀၁၆ ခုနှစ် စတုတ္ထလေးလပတ်မှာစတင်ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။” လို့ SCG မှ တာဝန်ရှိသူက ပြောပါတယ်။
လာအိုနိုင်ငံရှိ ဘိလပ်မြေစက်ရုံကိုတော့ ၂၀၁၇ ခုနှစ်ပထမလေးလပတ်ကာလမှာ စီးပွားဖြစ်စတင်ထုတ်လုပ်နိုင်ဖို့မျှော်မှန်းထားပါတယ်။
၂၀၁၆ ခုနှစ်တတိယလေးလပတ်အစီရင်ခံစာ (Q3/2016) အရမြန်မာနိုင်ငံမှာ SCG ရဲ့ ပိုင်ဆိုင်မှုတန်ဖိုး စုစုပေါင်းမှာ
အမေရိကန်ဒေါ်လာ ၃၆၆ သန်း ရှိပြီး ယခင်နှစ်ထက်၂၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။ အရောင်းဝင်ငွေမှာ
အမေရိကန် ဒေါ်လာ ၆သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ်အတွက် ပထမသုံးလပတ်ကာလနဲ့ ပထမ ၉ လအတွက်လုပ်ငန်းဆောင်ရွက်မှုရလဒ်များကို SCG က ထုတ်ပြန်ကြေညာခဲ့ပြီးဓာတုပစ္စည်းလုပ်ငန်းမှ အဓိကအမြတ်ငွေရရှိသလို အာဆီယံနိုင်ငံများမှ ဘိလပ်မြေလိုအပ်ချက်ပိုမိုများပြားလာလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင် ‘SCG Sharing the Dream 2016’ ပညာသင်ဆုအစီအစဉ်ကနေ ရန်ကုန်တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်မှ ကျောင်းသားကျောင်းသူစုစုပေါင်း ၁,၀၀၀ ကျော်ကို ပညာသင်ဆု ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။SCG ကုမ္ပဏီဟာ ထိုင်းနိုင်ငံအခြေစိုက်ဘိလပ်မြေကုမ္ပဏီဖြစ်ပြီး အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး ဘိလပ်မြေထုတ်လုပ်ရေးကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment