31.10.16

မြစ်ချောင်းများအတွင်း River Taxi လုပ်ငန်းဆောင်ရွက်ရန် ဆိပ်ကမ်း ၁၈ ခုကို သတ်မှတ်ထား

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်းများမှာWater Taxi ပြေးဆွဲသွားရန်အတွက် ဆိပ်ကမ်း ၁၈ ခုကို
လျာထားသတ်မှတ်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ သိရပါတယ်။

ရန်ကုန်မြစ်ချောင်းများအတွင်း မြစ်ချောင်းတက္ကစီရေကြောင်းပို့ဆောင်ရေးစနစ် အကောင်အထည်ဖော်ရန်
အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်မြစ်နဲ့ လှိုင်မြစ်မှာလှိုင်သာယာမှ ပန်းဆိုးတန်း ခရီးစဉ်အတွက် ဆိပ်ကမ်း ၇ ခု၊ငမိုးရိမ်ချောင်းမှာ ဒဂုံမြို့သစ်မြောက်ပိုင်းမှ ညောင်တန်းအထိခရီးစဉ်များအတွက် ဆိပ်ကမ်း ၁၁ ခု တို့ကို လျာထားသတ်မှတ်ထားတယ်လို့ သိရပါတယ်။
River Taxi အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက်ပြည်တွင်းပြည်ပ ကုမ္ပဏီများကို တင်ဒါခေါ်ယူကာ
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး ၂၀၁၇ မှာ
စတင်ပြေးဆွဲသွားနိုင်ဖို့ စီစဉ်လျက်ရှိပါတယ်။
အဆိုပါ River Taxi သယ်ယူပို့ဆောင်ရေးအစီအစဉ်အပေါ်ပြည်သူများအတွက် အကျိုးရှိ/မရှိကို သေသေချာချာလေ့လာဆန်းစစ်ပြီးမှသာ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက
တိုက်တွန်းပြောကြားထားပြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အပါအ၀င် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနဲ့ ကွင်းဆင်းလေ့လာမှုများကို သေချာဆောင်ရွက်ထားတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့
တာဝန်ရှိသူတွေက ပြန်လည်ဖြေကြားထားပါတယ်။
ရန်ကုန်မြို့နေအများပြည်သူများသွားလာရေးလွယ်ကူအဆင်ပြေစေဖို့အတွက် မြို့တွင်းဘတ်စ်ကား သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ လက်ရှိပြေးဆွဲနေတဲ့ တစ်ဦးပိုင်ဘတ်စ်ကားများပြေးဆွဲနေတဲ့ စနစ်ကို ဖျက်သိမ်းပြီး အများပိုင်ကုမ္ပဏီများနဲ့ ဘတ်စ်ကားပြေးဆွဲမယ့် စနစ်ကို အကောင်အထည်ဖော်ဖို့အတွက်ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှဦးဆောင်အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment