31.10.16

Sanction မရှိတော့ပေမယ့် မြန်မာနိုင်ငံမှ player တွေကို EA ရဲ့ Origin က အသုံးပြုခွင့်ပိတ်ဆို့ထားဆဲ




ဗီဒီယိုဂိမ်းကုမ္ပဏီကြီး EA ရဲ့ Digital distribution platform ဖြစ်တဲ့ Origin ဟာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို ပြီးခဲ့တဲ့ စက်တင်ဘာ လ လယ်ကစပြီးအသုံးပြုခွင့်လုံးဝ ပိတ်လိုက်တယ်လို့သိရပါတယ်။
EA ရဲ့ community manager တစ်ယောက်က EA ရဲ့ Forum တစ်ခုမှာအသုံးပြုသူတစ်ယောက်ကိုအခုလိုပိတ်လိုက်ရတဲ့အကြောင်းကိုရှင်းပြတဲ့အခါမှာတော့ sanction ဥပဒေတွေအရ အမေရိကန်နိုင်ငံ က sanctionပိတ်ပင်ထားတဲ့နိုင်ငံတွေကို Origin ရဲ့ ၀န်ဆောင်မှုတွေပိတ်ပင်လိုက်တာဖြစ်တယ်လို့ စက်တင်ဘာ ၁၅ ရက်နေ့မှာပြန်လည်ဖြေကြားထားပါတယ်။
သူဖြေကြားခဲ့တဲ့ထဲမှာ မြန်မာနိုင်ငံအပါအ၀င်၊မြောက်ကိုရီးယား၊ဆူဒန်၊စီးရီးယား နဲ့ ယူကရိန်း(ခရိုင်းမီးရားဒေသ)တွေကိုပိတ်ပင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကတည်းက မြန်မာနိုင်ငံရဲ့ Sanction စီးပွားရေးပိတ်ဆို့မှုတွေကို အမေရိကန်သမ္မတ အိုဘားမားက ရုတ်သိမ်းမှာဖြစ်တယ်လို့ကြေငြာခဲ့ပြီး၊ အောက်တိုဘာ ၇ ရက် မှာစတင်အကြုံးဝင်ကာ အခုဆိုရင် မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံစီးပွားရေးပိတ်ဆို့ထားတဲ့ စာရင်းတွေထဲမှာမ ပါရှိတော့ပါဘူး။
အခုဆိုရင် မြန်မာနိုင်ငံဟာ စီးပွားရေးပိတ်ဆို့မှု sanction တွေမရှိတော့aပမယ့်လည်း Origin က တော့ မြန်မာနိုင်ငံ ကိုပိတ်မြဲပိတ်ဆဲပဲဖြစ်ပါတယ်။EA ဟာ ဘာအတွက်ကြောင့် စက်တင်ဘာလကမှ sanction ထိထား
တဲ့နိုင်ငံတွေကို ၀န်ဆောင်မှု ထပိတ်တယ်ဆိုတာကိုမိသိရသေးပါဘူး။sanction ထိထားတဲ့နိုင်ငံတွေဟာအရင်တည်းက Origin မှာရှိတဲ့ဗီဒီယိုဂိမ်းတွေကို ၀ယ်ယူအသုံးပြုနေတာဖြစ်ပြီးတော့ အခုလိုရုတ်တရက် ပိတ်ခြင်းခံလိုက်ရတဲ့အတွက် ဘာမှကြိုတင်ကြေငြာမှုလည်းမရှိခဲ့ဘူးလို့သိရပါတယ်။EA က မြန်မာနိုင်ငံက player တွေကို Origin ကိုပြန်လည်
အသုံးပြုခွင့်ရအောင်ပြုလုပ်ပေးမှာဖြစ်ပြီး အဆင်မပြေမှုတွေအတွက်တောင်းပန်ကြောင်း၊မကြာခင်မှာ ထပ်မံထုတ်ပြန်သွားမှာဖြစ်တယ်လို့တော့ Forum မှာဖြေကြားထားပါတယ်။အခုလိုအဖြစ်အပျက်တွေဖြစ်လာတဲ့အချိတ်မှာ EA ကုမ္ပဏီရဲ့ နည်းစနစ်တွေအပေါ်ကိုပြောစရာတွေဖြစ်လာပါတယ်။ ယခုလိုမျိုးအခြေအနေတွေမှာ EA အနေနဲ့ customer တွေအခွင့်အရေးကို ကာကွယ်တဲ့အနေတဲ့ အသုံးပြုခွင့်ပိတ်ပင်ခံလိုက်ရတဲ့သူတွေရဲ့ ၀ယ်ယူထားတာတွေကိုငွေပြန်အမ်းတာမျိုး၊ ကြိုတင်အကြောင်းကြားတာမျိုးရှိသင့်တယ်လို့ဆိုပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment