2.11.16

ရန်ကုန်တွင်တည်ဆောက်နေသည့် အခန်းပေါင်း ရှစ်ထောင်အနက် ဆောက် လုပ်ပြီးစီးနေပြီဖြစ်သည့် အခန်းပေါင်း၂၀၀၀ ကျော်ကို အရစ်ကျစနစ်ဖြင့် ရောင်းချမည်

ရန်ကုန်တိုင်း ဒေသကြီးတွင်တည် ဆောက်လျက်ရှိ သည့် အခန်းပေါင်းရှစ်ထောင် အနက် ဆောက် လုပ်ပြီးစီးနေပြီဖြစ်သည့် အ ခန်းပေါင်း ၂၀၀၀ ကျော်ကိုလာမည့် ၂၀၁၇ ခုနှစ်တွင် အရစ်ကျ စနစ်ဖြင့် ရောင်း ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီးရှိ ဒဂုံတောင်ပိုင်း၊ ဒဂုံဆိပ်ကမ်း နှင့် လှိုင်သာယာမြို့နယ်များတွင် ဆောက်လုပ်ပြီးစီးထားသည့် အဆိုပါ အိမ်ရာနှစ်ထောင်ကျော်ကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ် ပြီး ယင်းအိမ်ရာများ၏ တိုက်ခန်းတစ် ခန်းတန် ဖိုးမှာ ငွေကျပ်သိန်း တစ်ရာ ကျော်ဖြင့် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ယခုရောင်းချမည့် အခန်းပေါင်း နှစ်ထောင်ကျော်အနက် ရန်ကုန်တိုင်း ဒေ သကြီး အစိုးရအဖွဲ့မှ အခန်းပေါင်း ၁၅၀၀ ကျော် ကို ရောင်း ချပေးသွား မည်ဖြစ်ပြီး ကျန်အခန်းများကိုဆောက် လုပ်ရေးဝန်ကြီးဌာနက ရောင်းချပေး သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်ပြီး ဆောက် လုပ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူက " ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ဆောက်လုပ်နေတဲ့ တိုက်ခန်းတွေကို အစိုးရ၀န်ထမ်းတွေကို ဦးစားပေး ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်မှာ ဆောက်ထားတဲ့ တန်ဖိုး နည်းအိမ်ရာတွေကို လာမယ့်နှစ်မှာ စတင်ရောင်းချပေးသွားမှာဖြစ်ပါ တယ်။ တန်ဖိုးနည်းအိမ်ရာစီမံကိန်း အဖြစ် ဆောက်လုပ်နေ တဲ့ အခန်း ပေါင်းရှစ်ထောင်ကျော်ကနေ လက် ရှိပြီးစီးနေပြီဖြစ်တဲ့ အခန်း ၂၀၀၀ ကျော်ကို ရောင်းချဖို့စီစဉ်နေပါပြီ။ ရောင်းချ ရာမှာလည်း ဆောက်လုပ် ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ကနဦးပေး သွင်းငွေ အဖြစ် ၃၀ ရာခိုင် နှုန်းကို အရစ်ကျပေးသွင်း ရမှာဖြစ်ပါ တယ်။ နောက်မှ ၀န်ထမ်းတွေဆိုရင် လစာထဲက အရစ်ကျငွေသွင်းတဲ့ ပုံစံ မျိုးလုပ်သွားမှာပါ " ဟု ဆောက်လုပ် ရေးဝန် ကြီးဌာန အမြဲတမ်းအတွင်း ၀န်ဦးကျော်လင်းက နိုဝင်ဘာ ၁ ရက် က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။
ယင်းအပြင် လက်ရှိဆောက်လုပ် ထားသည့် တန်ဖိုးနည်းအိမ်ရာများ၏ အခန်း တစ်ခန်းတန်ဖိုးမှာ ငွေကျပ်သိန်း တစ်ရာကျော်ရှိပြီး ထပ်မံတည်ဆောက် မည့် အိမ်ရာများကို ထိုတန်ဖိုးထက် လျော့နည်းစေသည့်အခန်းများအဖြစ် ဖွဲ့စည်းဆောက် လုပ် သွားမည်ဖြစ်ပြီး အရစ်ကျငွေသွင်းရမည့် သတ်မှတ် ကာလကိုလည်း ပိုမိုသက်သာစေရန် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းက " ဆောက် လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် ကနေ ဘဏ်ချေးငွေရရှိဖို့ညှိနှိုင်းနေ ပြီး ရရှိပါက ၁၅ နှစ်အရစ်ကျစနစ်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ် "
ဟု ၎င်းင်းကဆက်လက် ပြောသည်။
ယင်းကဲ့သို့အရစ်ကျစနစ်ကို ၁၅နှစ်ပေးသွင်းခွင့်ရရှိမည်ဆိုပါက ၀န်ထမ်းများ အနေဖြင့်ဝန်ထုပ်ဝန်ပိုး ဖြစ်ရန်မလိုဘဲ အိမ်တစ်လုံး ပိုင်ဆိုင် နိုင် မည်ဖြစ်ကြောင်း သိရသည်။ သို့သော် ယင်းအိမ်ရာများကို ရောင်း ချပေး ရာတွင် လည်း အမှန်တကယ် အိမ်လိုအပ်ချက်ရှိသူများ ဟုတ်မှန် ခြင်း ရှိမရှိကို သေချာစိစစ်ပြီးရောင်း ချပေးသင့်ကြောင်း အိမ်ဝယ်ယူလိုသည့် ၀န်ထမ်းတစ်ဦးဖြစ်သူ ကိုအောင်မျိုး ကပြောသည်။
"ဘယ်လိုပုံစံနဲ့ ရောင်းမယ်။ ဘယ် နေ့မှာစရောင်းမယ်။ ၀ယ်ယူ လိုသူတွေ အနေနဲ့ ဘာတွေပြင်ဆင် ထားရမယ်ဆိုတာကိုတွေ သိချင်ပါ တယ် " ဟု ၎င်း ကပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ဆောက်လုပ်ရေးနှင့်အိမ် ရာဖွံ့ဖြိုးရေး ဘဏ် တွင်ငွေစုစာအုပ် ဖြင့် ငွေ စုထားသူများ ကိုသာဦး စားပေးရောင်းချ မည်ဟု အသိပေးကြေညာ ထားသည့်အတွက် အစိုးရ၀န်ထမ်း အများစုက ထိုဘဏ်တွင်ငွေများကို ပိုစုလာကြကြောင်းလည်း သိရသည်။ ဆောက် လုပ်ရေး ၀န်ကြီးဌာနမှ လက် ရှိအကောင်အထည်ဖော်နေသည့် တန်ဖိုးနည်း အိမ်ရာ အခန်းပေါင်း ရှစ်ထောင်ကျော်သည် ပြည်ထောင်စု ၀န်ကြီး၏ လမ်းညွှန်မှုဖြင့်အကောင် အထည်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်း အခန်းပေါင်းရှစ်ထောင်အနက် လက် ရှိအခန်း ပေါင်း ၂၁၀၁ ခန်းပြီးစီးနေပြီ ဖြစ်သည်။

Credit To >>> Democracy Today

0 comments:

Post a Comment