2.11.16

၁၀ လအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှု ၁၀၀ ကျော်တွင် ခြောက်မှု တရားခံမမိသေး

ရန်ကုန်တိုင်းတွင် ယခု နှစ် ၁၀ လအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှု ၁၃၀ ကျော်၌ တရားခံမမိသေးသည့် လူသတ်မှု ခြောက်မှုကျန်ရှိနေသေးကြောင်း သတင်း ရရှိသည်။

ကျန်ရှိသည့် လူသတ်မှုများ တွင် မင်္ဂလာဒုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဘီအီးယန္တရားတပ်ရှေ့ အငှားယာဉ်ပေါ်၌ ဓားဒဏ်ရာ များနှင့်သေဆုံးခဲ့သည့် ဦးမြင့်ဆွေ အမှုနှင့် ရဲဝန်ထမ်းဟောင်းမိသား စုလေးဦးအသတ်ခံရမှုသည် မြို့ နယ်တစ်ခုထဲတွင် တရားခံမပေါ် သေးသည့် အမှုဖြစ်သည်။
‘‘ဒီနှစ်ဖြစ်ပွားတဲ့ လူသတ်မှု တွေကို ကြည့်မယ်ဆိုရင် ရန်ငြိုး ရန်စရှိလို့ သတ်တဲ့အမှုနည်းပါ တယ်။ မပေါ်သေးတဲ့ အမှုတွေမှာ လည်း တချို့ကို စီအိုင်ဒီက စစ် ဆေးနေသလို တချို့ကိုလည်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေ ပါတယ်။ ပြစ်မှုကျူးလွန်သူတွေ ကိုလည်း လိုက်ပြီး ရှာဖွေနေပါ တယ်’’ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
လူသတ်မှုဖြစ်ပွားခဲ့ပြီး တ ရားခံမမိသေးသည့် အမှုများမှာ ဒေါပုံမြို့နယ်မြောင်းစပ်တွင် ဦး ခေါင်းဖြတ်အသတ်ခံရသည့် မိန်း ကလေးငယ်အမှု၊ သုံးခွမြို့နယ် ချောင်းဘေးတွင် ဒဏ်ရာများနှင့် သေဆုံးနေသည့် ဦးကျော်သိန်း ဆွေအမှု၊ မှော်ဘီမြောင်းတကာ စက်မှုဇုန်နေအိမ်တွင် လည်ပင်း ပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေ သည့် ဒေါ်ဌေးဌေးမြင့်အမှု၊ အ ဖျောက်မြို့ လူမနေတဲ့ခြံအတွင်း ရေအိုင်စပ်တွင် မှောက်လျက်သေ ဆုံးနေသည့် မမြင့်မိုးနွယ်အမှုတို့ မှာ တရားခံမမိသေးကြောင်း သိ ရသည်။
‘‘ဒီအမှုတွေထဲမှာတော့ လေးလောင်းပြိုင်လူသတ်မှုကို လူ တွေ စိတ်ဝင်စားကြတယ်။ ဒီအမှုကို ဘယ်ကိုမှ မလွှဲပါဘူး။ ရဲတပ် ဖွဲ့က အမှုဖြစ်စဉ်အတွက် နေ့တိုင်းအစည်းအဝေးလုပ်ပြီး အမှုနဲ့ပတ် သက်တဲ့သူတွေကို ရှာဖွေစစ်ဆေး နေပါတယ်။ ထူးခြားမှုရှိလာတာနဲ့ မီဒီယာတွေကို ဖိတ်ကြားပြီး ရှင်း လင်းသွားမှာပါ’’ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းအတွင်း မှုခင်း ဖြစ်ပွားမှုကျဆင်းရန် စီမံချက်ဖြင့် မြို့နယ်အလိုက် စီမံဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
Credit To >>>  7 Day Daily

0 comments:

Post a Comment