2.11.16

ရှမ်းမြောက်တွင် တပ်မတော်နှင့် TNLA ကြား တိုက်ပွဲများပြင်းထန်၊ တပ်မတော်သားအချို့ကျဆုံး

ရှမ်းပြည်နယ်မြောက် ပိုင်း နမ့်ဆန်နှင့် ကျောက်မဲမြို့နယ် များအတွင်း တပ်မတော်နှင့် TNLA ကြား တိုက်ပွဲများဖြစ်ပွား နေပြီး အောက်တိုဘာ ၂၉ နှင့် ၃၀ ရက်က နမ့်ဆန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော်သားအချို့ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၃၀ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန် မြို့နယ်အတွင်း တပ်မတော်စစ် ကြောင်းများ ပုံမှန်နယ်မြေရှင်း လင်းရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ် အူးမန်းကျေးရွာအနီးတွင် အင်အား ၅၀ ခန့်ရှိသော TNLA လက်နက်ကိုင်အဖွဲ့က လမ်း၏ ဘယ်၊ ညာတောင်ကုန်းများမှ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု နိုဝင်ဘာ ၁ ရက်က တပ်မတော်ပိုင် မြ၀တီ သတင်းစာတွင် ဖော်ပြထားသည်။တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာ TNLA လက်နက်ကိုင်အဖွဲ့ဝင်များက နှစ်ဖွဲ့ခွဲ၍ ဆုတ်ခွာခဲ့ပြီး ဆုတ်ခွာရာနောက်သို့ တပ်မတော်စစ်ကြောင်းက လိုက်လံရှင်းလင်းရာ ပန်အလော်ကကျေးရွာအနီး အင်အား ၇၀ ခန့်ရှိသော TNLA အဖွဲ့က ဆွဲမိုင်း ငါးလုံးဖောက်ခွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်က ပြန်လည်တိုက်ခိုက်ခဲ့ရသည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်အ တွင်း တပ်မတော်မှ စစ်သည်အ ချို့ နိုင်ငံတော်အတွက် အသက် ပေးလှူခဲ့ရပြီး အရာရှိ၊ စစ်သည် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရန်သူထံမှ ဒေသန္တရလုပ် ရှေ့ ထွက်မိုင်းသုံးလုံး၊ TNLA တံဆိပ် ပါ ဦးထုပ်တစ်လုံးတို့ကို သိမ်း ဆည်းရမိခဲ့သည်ဟု မြ၀တီသ တင်းစာတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၂၉ ရက်က စတင်ကာ ရှမ်းပြည်နယ်မြောက် ပိုင်းရှိ နမ့်ဆန်မြို့နယ်နှင့် ကျောက်မဲမြို့နယ်များအတွင်း တပ်မတော် နှင့် TNLA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေသည်ဟု TNLA (ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး၊ တအာင်း လွတ်မြောက်ရေးတပ်မတော်)မှ ဗိုလ်မှူးမိုင်းဘုန်းကျော်က နိုဝင်ဘာ ၁ ရက်တွင် ပြောသည်။

‘‘ဒီနေ့လည်း တိုက်ပွဲဆက် ဖြစ်တယ်။ မနက် ၆ နာရီလောက် ကနေစပြီးတော့ ဖြစ်တယ်။ နေရာစုံပေါ့။ သုံးနေရာလောက်မှာ ဖြစ် တယ်။ ကျောက်မဲဘက်နဲ့ နမ့်ဆန် ဘက်မှာ ဖြစ်နေတယ်’’ဟု TNLA မှ ဗိုလ်မှူး မိုင်းဘုန်းကျော်က ပြောသည်။

တိုက်ပွဲများ ပြင်းထန်သော်လည်း နာရီနှင့် ချီကြာမြင့်သည့် တိုက်ပွဲများမဟုတ်ဘဲ ၁၅ မိနစ်၊ မိနစ် ၃၀ ခန့်သာ ကြာမြင့်ပြီး အောက်တိုဘာ ၂၉ နှင့် ၃၀ ရက်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော်မှ ၁၀ ဦးခန့် ကျဆုံးကာ TNLA မှ ကျဆုံးမှုမရှိ ဟု TNLAဗိုလ်မှူး မိုင်းဘုန်းကျော်က ပြောသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment