2.11.16

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် နေရောင်ခြည်သုံးလျှပ်စစ်လုပ်ငန်းသာ အဓိက၀င်ရောက်ဟုဆို

အစိုးရသစ်လက်ထက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများတွင် နေ ရောင်ခြည်သုံး လျှပ်စစ်လုပ်ငန်း များသာ အဓိက၀င်ရောက်လာ ကြောင်း သတင်းရရှိသည်။

ယခင်က မြန်မာနိုင်ငံတွင် အဓိကရင်းနှီးမြှုပ်နှံလိုသည့် ရေ အားလျှပ်စစ်နှင့် ရေနံ၊ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများသည် အစိုးရသစ်လက်ထက်တွင် လုံးဝ ၀င်ရောက်လာခြင်း မရှိသေး ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုညွှန် ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်အရ အစိုးရသစ် လက်ထက်တွင် မြင်းခြံနှင့် သာ စည်မြို့နယ်ရှိ မြေဧက ၁,၀၀၀ တွင် စုစုပေါင်း မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမည့် နေစွမ်းအင်သုံး ဓာတ်အား ပေးလုပ်ငန်းတစ်ခုကို အောက်တို ဘာ ၂၇ ရက်က ခွင့်ပြုခဲ့သည်။ ယင်းစီမံကိန်းမှာ အမေရိကန်ဒေါ် လာသန်း ၄၈၀ ကျော်တန်စီမံကိန်းဖြစ်ပြီး စင်ကာပူအခြေစိုက်အမေ ရိကန်ကုမ္ပဏီတစ်ခုက လာရောက် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။

မကွေးတိုင်းတွင် မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်နိုင်မည့် နေစွမ်း အင်သုံးဓာတ်အားစက်ရုံတစ်ခု ဆောက်လုပ်ရန်လည်း ခွင့်ပြုချက် တင်ထားကြောင်း အဆိုပါဌာနမှ အရာရှိတစ်ဦးက ပြောသည်။ ထိုစီမံကိန်းကို ထိုင်းနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုက တင်ပြထားခြင်း ဖြစ်သည်။

‘‘ဒီကထွက်တဲ့ ဓာတ်အား တွေကို အစိုးရကို ပြန်ရောင်းမယ်။ မဟာဓာတ်အားလိုင်းထဲ ထည့် မယ်။ သူတို့တွက်ပြထားတဲ့ မဂ္ဂါ ၀ပ်ပမာဏအတိုင်း မြန်မာ့နိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိမ့်မယ်’’ဟု ဦးသန်းအောင် ကျော်က ပြောသည်။

အစိုးရသစ်လက်ထက် ခုနစ် လအတွင်း လျှပ်စစ်ဓာတ်အားအ တွက် ရင်းနှီးမြှုပ်နှံမှုတွင် အမေရိ ကန်ဒေါ်လာ သန်း ၆၅၀ ကျော်ဝင် ရောက်ထားပြီး ယင်းပမာဏအား လုံးနီးပါးမှာ နေစွမ်းအင်သုံးလုပ် ငန်းများသာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ နေစွမ်းအင်စနစ် အသုံးပြုရန် မြေဧကအ များအပြားလိုအပ်ခြင်းနှင့် နေရောင်ခြည်ပူပြင်းစွာရရှိသည့် ဒေသများတွင်သာ အကောင်အထည်ဖော်နိုင်သည့် ကန့်သတ်ချက်များရှိသည်ဟု အဆိုပါဌာနမှ အရာရှိတစ်ဦးက ပြောသည်။

နိုင်ငံတွင်း လျှပ်စစ်ကဏ္ဍအ တွက် ယခင်အစိုးရလက်ထက် တွင် ကျောက်မီးသွေးနှင့် ရေအား လျှပ်စစ်လုပ်ငန်းများ၌ အဓိက ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြားကုမ္ပဏီများက တင်ပြခဲ့ပြီး ယင်းစီမံကိန်းများကို ဒေသခံများက ကန့်ကွက်မှုများရှိခဲ့သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment