
မြောက်ကိုရီးယားနိုင်ငံသည့် လာမည့် ၃ ရက်အတွင်း တာလစ်ပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ရန် ပြင်ဆင်နေကြောင်း အမည်မဖော်လိုသော အမေရိကန် တာဝန်ရှိသူများကို ကိုးကားပြီး Fox Business Network သတင်းဌာနက အင်္ဂါနေ့တွင် ပြောသည်။ ကွန်မြူနစ်နိုင်ငံဖြစ်သည့် မြောက်ကိုရီးယားသည် လာမည့် ၂၄ နာရီမှ ၇၂ နာရီအတွင်း ပစ်လွှတ်ရန်ပြင်ဆင်ထားသည်ဟုဆိုသည်။ အကယ်၍ ယင်းအစီအစဉ်အတိုင်း ဖြစ်လာမည်ဆိုပါက ပဲ့ထိန်းဒုံးကျည်နှင့် ဆက်စပ်နေသော လုပ်ဆောင်ချက်များကို တားမြစ်ထားသည့် ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များကို ယခုနှစ်အတွင်း နောက်ဆူံးအကြိမ်ချိုးဖောက်မှု ဖြစ်လာနိုင်သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာက ယင်းတို့၏နျူကလီးယား၊ ဒုံးကျည်အစီအစဉ်များအပေါ် ပိတ်ဆို့အရေးယူမှုများကို ခံထားရသည့် မြောက်ကိုရီးယားနိုင်ငံသည် ယခုနှစ်အတွင်းဒုံးကျည်စမ်းသပ်မှုများကို ဆက်တိုက်ဆိုသလို စမ်းသပ်ခဲ့ပြီး နောက်ဆုံးအကြိမ်စမ်းသပ်မှုကို အောက်တိုဘာ ၂၀ တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Credit To >>>> Democracy Today
0 comments:
Post a Comment