5.1.17

ရေနံထုတ်လုပ်သူတွေရဲ့ လျှော့ချထုတ်လုပ်မယ့်အစီအစဉ်နဲ့အတူ ၂၀၁၇ နှစ်သစ်အစပိုင်းမှာ ရေနံဈေးတက်လာ

Image may contain: sky and outdoor
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁ ရက်က စတင်အသက်ဝင်ခဲ့ပြီဖြစ်တဲ့ အိုပက်အုပ်စုနဲ့အိုပက်မှာမပါတဲ့ ရေနံထုတ်လုပ်သူတွေ လျှော့ချထုတ်လုပ်မယ့်သဘောတူညီချက်နဲ့အတူ ယခုနှစ် ၂၀၁၇ နှစ်စပိုင်းမှာပဲ ရေနံဈေးနှုန်းတွေ တက်လာခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ရေနံဈေးကွက်ထဲမှာ အလွန်အကျွံထုတ်လုပ်တင်သွင်းနေခဲ့တာတွေအပေါ် ထိန်းချုပ်ကန့်သတ်နိုင်ဖို့အတွက် ရေနံထုတ်လုပ်သူနိုင်ငံတွေအကြား ထုတ်လုပ်မှုလျှော့ချမယ့်အစီအစဉ်ကို သဘောတူညီနိုင်ခဲ့ပြီး ယခုအခါ ယင်းသဘောတူညီချက်အတိုင်း စတင်အသက်ဝင်လုပ်ဆောင်နေခဲ့ပြီလည်း ဖြစ်ပါတယ်။

ဇန်န၀ါရီ ၂ ရက်က ဈေးကွက်ရောင်းဝယ်ဖောက်ကားမှုတွေအရတော့ International Brent ရေနံဈေးနှုန်းပိုင်းမှာ တစ်စည်ကို ၅၇ ဒသမ ၁၃ ဒေါ်လာရှိခဲ့ပြီး ယခင်ကထက် ၃၁ ဆင့် ဒါမှမဟုတ် ၀ ဒသမ ၅ရာခိုင်နှုန်း တက်လာခဲ့တယ်လို့ သိရပါတယ်။ ယင်းနှုန်းထားကတော့ ယခင်နှစ်က အမြင့်ဆုံးနှုန်းထားဖြစ်ခဲ့ တစ်စည်ကို ဒေါ်လာ ၅၇ ဒသမ

၈၉ နားလည်း ကပ်လာနိုင်ခဲ့တာဖြစ်ပါတယ်။အမေရိကန် WTI ရေနံဈေးနှုန်းပိုင်းမှာတော့ ယင်းနေ့က တစ်စည်ကို၅၄ ဒသမ ၀၄ ဒေါ်လာနဲ့ ၃၂ ဆင့် ဒါမှမဟုတ် ၀ ဒသမ ၆ ရာခိုင်နှုန်း တက်လာခဲ့ပြီးတော့ ယင်းနှုန်းထားပမာဏဟာလည်း ယခင်နှစ်အမြင့်ဆုံး ပမာဏ ၅၄ ဒသမ ၅၁ နဲ့ သိပ်မဝေးလှတော့ဘူးလို့လည်းသိရပါတယ်။

ရေနံထုတ်လုပ်တင်ပို့သူနိုင်ငံများအဖွဲ့ အိုပက်နဲ့ ရုရှလိုမျိုး အိုပက်အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေဟာ ယမန်နှစ်နိုဝင်ဘာလတုန်းက ထုတ်လုပ်မှုကို တစ်နေ့ စည်ပေါင်း ၁ ဒသမ ၈ သန်း လျှော့ချထုတ်လုပ်မယ်ဆိုပြီး သဘောတူညီနိုင်ခဲ့ပြီးတော့ ယင်းသဘောတူညီချက်ဟာပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁ ရက်မှာ စတင်အသက်ဝင်ခဲ့ပြီဖြစ်ပါတယ်။

အလားတူ ဈေးကွက်စောင့်ကြည့်သူတွေအရဲ့ အဆိုအရတော့ ယခုလဇန်န၀ါရီဟာ အဆိုပါ သဘောတူညီချက်အတိုင်း ပါဝင်သူအားလုံးဆက်လက်ဆွဲကိုင်လုပ်ဆောင်သွားနိုင်မလားဆိုတာကိုစောင့်ကြည့်သွားရမယ့် လဖြစ်တယ်လို့လည်း သိရပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment