5.1.17

ကန်ဒေါ်လာဈေးကျနေသော်လည်း စက်သုံးဆီဈေး အပြောင်းအလဲမရှိ

အမေရိကန်ဒေါ်လာ ဈေးသည် သုံးပတ်အတွင်းကျပ် ၅၀ ကျော်ကျဆင်းလာခဲ့သော် လည်း စက်သုံးဆီဈေးမှာ အ ပြောင်းအလဲမရှိသေးကြောင်း သတင်းရရှိသည်။

ဒေါ်လာဈေးသည် ဒီဇင်ဘာ ၂၁ ရက်က တစ်ဒေါ်လာလျှင် ၁,၄၀၅ ကျပ်အထိရှိခဲ့ပြီး ဇန်နဝါရီ ၃ ရက်တွင် ၁,၃၅၀ ကျပ်အထိ ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ သို့ သော် ပြည်တွင်းစက်သုံးဆီဈေး နှုန်းသည် ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၃ ရက်အထိ ဒီဇယ် တစ်လီတာလျှင် ၇၀၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၇၂၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၇၁၀ ကျပ်နှင့် အောက်တန်း ၉၅ တစ်လီတာလျှင်၇၅၀ ကျပ်ခန့်ဖြင့် ဈေးအပြောင်း အလဲမရှိခဲ့ပေ။

‘‘ဈေးနှုန်းတည်ငြိမ်နေတာ ကတော့ နိုင်ငံတကာရေနံစိမ်း ဈေးကွက်အခြေအနေကြောင့်လို့ လက်ရှိအချိန်မှာ ယူဆလို့ရတယ်။ ဒေါ်လာဈေးတွေ ကျနေတာတော့ ဟုတ်တယ်။ ဒါပေမဲ့ နိုင်ငံတကာ ဈေးကျရင် ဒီမှာ လိုက်ကျဖို့က ခက်တယ်လေ’’ဟု စက်သုံးဆီအ ရောင်းဆိုင်မန်နေဂျာတစ်ဦးက ပြောသည်။

နိုင်ငံတကာရေနံဈေးသည် ဒီဇင်ဘာ ၂၁ ရက်မတိုင်မီက တစ်စည်လျှင် ဒေါ်လာ ၅၀ ခန့်သာရှိနေခဲ့ရာမှ ဇန်နဝါရီ ၃ ရက်တွင် ၅၄ ဒေါ်လာရှိကြောင်း စက်သုံး ဆီဈေးကွက်မှ သိရသည်။

ဒေါ်လာဈေးကျဆင်းမှုနှင့် နှိုင်းယှဉ်ပါက နိုင်ငံတကာရေနံ စိမ်းဈေးမှာ အနည်းငယ်မြင့်တက် ခြင်းကြောင့် ပြည်တွင်းဈေး ပြောင်းလဲသင့်သည်ဟု ဈေးကွက် ကျွမ်းကျင်သူအချို့က ဆိုသည်။

‘‘ဒီမှာက ဆီဈေးတက်ရင် သာမြန်တာ။ ပြန်ကျဖို့ဆိုရင် တော်တော်ကို စောင့်ယူရတယ်။ အစဉ် အလာကြီးကို ဖြစ်နေပြီ။ ဆီဈေး နှုန်းက ဈေးကွက်ယှဉ်ပြိုင်ခွင့်ပေး ထားတော့ အစိုးရက ဝင်ကြီးကြပ် ဖို့ဆိုတာလည်း မလွယ်ဘူး။ အခု က ကုမ္ပဏီတွေက ဈေးညှိထားကြ သလို ဖြစ်နေတာ’’ဟု စက်သုံးဆီ ရောင်းဝယ်ရေးဈေးကွက်ကျွမ်း ကျင်သူ ဦးသူရက ပြောသည်။

လက်ရှိ ရောင်းချနေသော ပြည်တွင်းစက်သုံးဆီဈေးသည် ၂၀၁၆ အတွင်း အမြင့်ဆုံးနှုန်းထား တစ်ရပ်ဖြစ်ခဲ့သည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment