9.4.13

စိတ်ကူးအိပ်မက်နဲ့ လမ်းဖောက်မယ်

 ၁၈၆၇ ခုနှစ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး William H. Seward ဟာ ဒေါ်လာ ၇.၂ မီလီယံနဲ့ ရုရှားနိုင်ငံရဲ့လက်ထဲကနေ အလက်စကား (Alaska) ကိုဝယ်ယူခဲ့တယ်။ ဝယ်ယူစဉ်ခဲ့တုန်းက လွှတ်တော်မှာ ပြင်းထန်တဲ့ ဝေဖန်ငြင်းခုန်သံတွေ မပြတ်ခဲ့ဘူး။ တချို့လွှတ်တော်အမတ်က သူ့ကို "Williamရဲ့ လူပြိန်းလုပ်ရပ်"လို့ ဝေဖန်ခဲ့ကြတယ်။ တကယ်လည်း အဲဒီတုန်းက အလက်စကားဟာ သဲဗွက်နဲ့ လေနီကြမ်းတွေကလွဲလို့ ဘာမှမရှိတဲ့အရပ်ဖြစ်တယ်။ ရှားစောင်းပင်တွေနဲ့ ပူးကောင်တွေသာ ပြည့်ခဲ့တဲ့အရပ်ဖြစ်တယ်။ လွှတ်တော်အမတ်တစ်ဦးက "ဒီရုရှားနယ်မြေက ငါတို့ကို ဘာ နာမည်ကောင်း၊ စည်းစိမ်ချမ်းသာ၊ အင်အားတွေပေးနိုင်မှာ မဟုတ်ဘူး။ ငါတို့ကို ပိုအင်အားချိနဲ့စေမှာပါ" လို့ ပြောဆိုခဲ့တယ်။

လူတွေရဲ့ ဝေဖန်ပြစ်တင်တာကိုခံရတဲ့ William H. Seward က အေးဆေးတည်ငြိမ်စွာနဲ့ "မြေဧရိယာတစ်ခုဟာ ကျတ်တီးမြေပဲဖြစ်နေပါစေ ဒါအရေးမကြီးဘူး။ အရေးကြီးတာက အဲဒီမြေပေါ်မှာ ငါတို့ရဲ့စိတ်ကူးအိပ်မက်ကို စိုက်ပျိုးရဲ မရဲဆိုတာပါပဲ"လို့ စကားတစ်ခွန်းပဲပြောခဲ့တယ်။

ဒီကနေ့ရဲ့ အလက်စကားဟာ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ အဖိုးတန်သတ္တုတွေ ထွက်ရှိရာနေရာဖြစ်ခဲ့ပြီး အမေရိကန်ရဲ့ တတိယအချမ်းသာဆုံး ပြည်နယ်တစ်ခုဖြစ်ခဲ့တယ်။ William H. Seward စိုက်ပျိုးခဲ့တဲ့ စိတ်ကူးအိပ်မက်သစ်ပင်က အခုချိန်မှာ အသီးအရွက်တွေနဲ့ ဝေဝေဆာဆာ ဖူးပွင့်နေခဲ့ပြီဖြစ်ပါတယ်။

__________ 


တစ်နေ့က NYကိုသွားဖြစ်တော့ ဖတ်စရာစာအုပ် ၃,၄ အုပ်ဝယ်လာဖြစ်တယ်။ တိုတိုထွာထွာတွေ ရေးထားတဲ့ စာအုပ်လေးတွေပါပဲ။ အားလပ်ချိန်မှာဖတ်ပြီး ဘာသာပြန်မျှဝေပါဦးမယ်။

နိုင်းနိုင်းစနေ

0 comments:

Post a Comment