9.4.13

အလျှော့ ပေးတဲ့စိတ် ရှိလာတဲ့ အိန္ဒြာကျော်ဇင်


ဧပြီလက မြန်မာတွေရဲ့ နှစ်သစ်ကူး ကာလ၊ ရေသဘင်ပွဲ ဆင်နွှဲပြီး ပျော်ရွှင်မြူး ကြတဲ့ လတစ်လပါ။
ဧပြီလမှာ မွေးဖွားကြတဲ့ အနုပညာရှင် တော်တော်များများ ရှိပါတယ်။ ဒီလမှာ မွေးဖွားတဲ့  အနုပညာရှင် တချို့ ကို မွေးနေ့ အမှတ်တရအနေနဲ့ ရွှေအမြုတေမဂ္ဂဇင်း မျက်နှာဖုံး ဓာတ်ပုံများ 
ရိုက်ကူးဖြစ်တာကြောင့် ၂၀၁၃ ဧပြီအတွက် အိန္ဒြာကျော်ဇင် ရိုက်ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင် ကလည်း ဧပြီလဖွား အနုပညာရှင် တစ်ယောက်ပါ။ ဧပြီလ ဖြစ်တာကြောင့် ဓာတ်ပုံရိုက်တဲ့အခါမှာ သင်္ကြန်ပုံစံလေး ပေါ်အောင် ရိုက်ဖြစ်ပါတယ်။ သင်္ကြန်ပုံစံ ရေစိုမှာ ဖြစ်တဲ့အတွက် ရေပက်လို့ အဆင်ပြေအောင် ရိုက်ကူးရေး နေရာကို အိန္ဒြာကျော်ဇင်ရဲ့ ခြံထဲမှာပဲ စီစဉ်ဖြစ်ခဲ့ပါတယ်။ မိခင်ဖြစ်သူ အိန္ဒြာကျော်ဇင် ဓာတ်ပုံရိုက်နေတာကို အဘွားရဲ့ အပေါ်မှာထိုင်ပြီး ဘေးနားကနေ စိတ်ဝင်တစား ကြည့်နေတဲ့ ပြေသုန္ဒြာက သူ့အမေရိုက်တာကို စိတ်ဝင် စားပေမဲ့ စာရေးသူတို့ ဓာတ် ပုံရိုက်ကူးရေးအဖွဲ့က မျက်နှာစိမ်းတွေ ဖြစ်နေတာကြောင့် ကြာကြာ မနေပါဘူး။ ကျော်ဇင်က သင်္ကြန်အတွက် ဖြစ်တာကြောင့် အ၀တ်အစား ဖက်ရှင်၊ အရောင်တွေကအစ သေသေချာချာ ပြင်ဆင်ရိုက် ကူးပေးတာပါ။

အိန္ဒြာကျော်ဇင်က ၂၀၁၂ သင်္ကြန်ကာလတုန်းက နယ်ထွက်ပြီး ဇာတ်ကားမရိုက် ဖြစ်ခဲ့ပါဘူး။ ၂၀၁၃  သင်္ကြန် ကာလမှာတော့ သင်္ကြန်ရေ ကစားဖို့ စိတ်ကူးထားပါတယ်။  ပြေသုန္ဒြာကလည်း အရွယ်ရ လာပြီဖြစ်သလို သင်္ကြန်ရေထိ တွေ့ကစားလို့ ရတာကြောင့် ဒီနှစ်မှာ သင်္ကြန်ရေကစားဖို့ စဉ်းစားတာ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်က ၂၀၁၂ မွေးနေ့ကို ပြင်ဦးလွင်မှာ ဇာတ်ကား ရိုက်ရင်း ဖြတ်သန်းခဲ့တာ ဖြစ်ပြီး အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့မှာ ခင်ပွန်းဖြစ်သူ ပြေတီဦးက Suprise  ဖြစ်အောင် စီစဉ် ပေးခဲ့တာ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က မွေးနေ့ပွဲ ရယ်လို့ သီးသန် လုပ်ဖြစ်တာ မရှိပေမဲ့ အလှူများတော့ လုပ်ဖြစ်ပါတယ်။ ၂၀၁၃ မွေး နေ့အတွက်လည်း သီးခြားစီ စဉ်ထားတာမျိုး မရှိခဲ့ပါဘူး။ ဧပြီ ၂၀ ရက်နောက်ပိုင်းမှာ ပြေတီဦးက ပြင်ဦးလွင်မှာ ဇာတ်ကား ရိုက်သွားဖို့ စီစဉ်ထားတာကြောင့် ၂၀၁၃ မွေးနေ့ကို ရန်ကုန်မှာပဲ ခင်ပွန်း ဖြစ်သူနဲ့အတူ ရှိနေမလား မပြောတတ် သေးဘူးလို့ ကျော်ဇင်က ဆိုပါတယ်။

သင်္ကြန်အပြီးမှာ ဒါရိုက် တာ ဇော်ကိုကိုနဲ့ ရုပ်ရှင်ကား ကြီး ရိုက်ဖို့ စီစဉ်ထားတယ် လို့ သိရပါတယ်။ ဘယ်သူ တွေနဲ့ ဘယ်မှာ ရိုက်မှာလဲ။

သင်္ကြန်အပြီးဆိုတာ ဇွန်လလောက်မှာ ရုပ်ရှင်ကားကြီး ရိုက်ဖို့ စီစဉ်ထား တာပါ။ အဲဒီဇာတ်ကားမှာ နေတိုး၊ ကျော်ကျော်ဗို၊ ၀တ်မှုံရွှေရည် တို့လည်း ပါတယ်။ ပြင်ဦးလွင် မှာ သွားရိုက်ဖို့ စီစဉ်ထား တယ်။
အဓိကသရုပ်ဆောင် လေးယောက်ဆိုတော့ ဘယ် လိုဇာတ်လမ်းမျိုး ဖြစ်မလဲ။
ဇာတ်လမ်းကို အကြမ်းဖျင်းပဲ ပြောထားသေးတယ်။  သေသေချာချာ မပြောသေးဘူး။ ရိုက်ရက်ပဲ ယူထားကြတာ။ ဇာတ်လမ်း ပေါက်မှာ စိုးလို့ထင်တယ်။
အခုနောက်ပိုင်းက ရိုက် မဲ့ ဇာတ်လမ်းပုံစံကို ပြော လိုက်ရင် တချို့သောသူတို့ တွေက လိုက်ရိုက်တာရှိတော့ သရုပ်ဆောင်တွေ ဘက်က လည်း နစ်နာမှုတွေ ရှိမှာပေါ့။
ဟုတ်ပါတယ်။ အခုဆို ရင် ဒါရိုက်တာ ဇော်ကိုကိုတို့ ကတော့ သေသေချာချာ လုပ်ထားပုံရတယ်။ ဆန်းဆန်းပြားပြား လည်းဖြစ်မယ် ထင်တယ်။ အကယ်၍များ ဇာတ်လမ်းက ကြိုပေါက်ပြီး သူများ ရိုက်သွားတယ်ဆိုရင် နစ်နာတယ်။ အခံရလည်း ခက်တာပေါ့နော်။ သရုပ်ဆောင်တွေကို ဇာတ်လမ်းက သေချာတော့ ပြောမှာပါ။ အခုက အချိန်နည်းနည်း လိုသေး တယ်လေ”အဲဒီရုပ်ရှင်ကားက ပြင်ဦးလွင်မှာ သွားရိုက်မှာဆို တော့ သမီးလေး ပြေကို ရန်ကုန်မှာ ထားခဲ့မှာ လား။ သမီးလေးကို ခေါ်သွား မှာ။ အခုဆို အရင်ကထက်စာ ရင် ဇာတ်ကားရိုက် လက်ခံ တာနည်းတယ်လို့ ပြောရမယ်။  နယ်ဘက်တွေ သွားရိုက်ရင် ဒါရိုက်တာတွေကို Request (တောင်းဆို)ရတယ်။ ဟိုတစ် လောကဆို ဒါရိုက်တာကိုဇော် (အရုဏ်ဦး)တို့နဲ့ ကျိုက်ထီးရိုး မှာ ဒီဗီဒီသွားရိုက်တယ်။ အဲဒီ မှာ ရိုက်ရက် ၅ ရက်တော့ မလုပ်ပါနဲ့။ ၃ ရက်လောက်ပဲ လုပ်ပါလို့ပြောရတယ်။တကယ့်တကယ်တမ်း လိုအပ်တယ် ဆိုရင်တော့လည်း ရိုက်ရမှာပဲ။ ဒါပေမဲ့သမီး လေးကို ခေါ်လို့မရတဲ့နေရာ ဆိုရင်လည်း  သမီးလေးကို မခေါ်ဘူး ပေါ့။
အနုပညာအတွက်နဲ့ သမီးအတွက်၊ သမီးအတွက် ပိုဦးစားပေးဖြစ်နေတယ်ပေါ့။
အဲဒီလိုတော့ ပြောရမှာ ပေါ့။ သူ့အတွက်ပါ ထည့်စဉ်း စားရတဲ့အပိုင်း ရောက်သွား တယ်။ အရင်တုန်းကတော့ အနုပညာ တစ်ခုတည်းပဲ အခုက သမီးအတွက်တစ်ဝက်၊ အနုပညာအတွက် တစ်ဝက် ပေါ့။
အူဝဲကတော့ သမီး အတွက် အချိန်ပေးနိုင်ပေမဲ့ အဖေဖြစ်တဲ့ ပြေတီဦးကရော သမီးအတွက် အချိန်ပေးနိုင် ရဲ့လား။
ပြေတီဦးကလည်း ကားရိုက်တွေ ရှိနေတော့ လေ။ ကိုပြေတီဦးက နေ့တိုင်း ကားရိုက်ထွက်နေပေမဲ့ သမီး က အဖေမှ အဖေပဲ။ အဲဒါ ကြောင့် ကိုပြေတီဦးက မနာလိုဖြစ်မနေနဲ့ လို့ ပြောတယ်။ မနာလိုဖြစ်တယ်လို့ ဘာဖြစ်လို့လဲ ဆိုတော့ သူက အူဝဲ လောက် ကလေးနားမှာ ရှိတာ မဟုတ်ဘူး။ ကလေးချစ် အောင် ဘယ်လိုတွေလုပ်ထား လဲ မသိဘူး။
ပြေသု  ကြီးလာတာ နဲ့အမျှ အနုပညာ အလုပ်တွေ ကို ပိုလုပ်ဖြစ်မလား၊ လျှော့ လုပ်ဖြစ်မလား။
အခုလောလောဆယ် အချိန်အထိက သမီးအတွက် တစ်ဝက်၊ အူဝဲကို ချစ်တဲ့ပရိသတ် တွေ အတွက် အနုပညာ ကတစ်ဝက် တစ်ဝက်စီခွဲပြီး လုပ်နေတယ်။ သမီးက နည်းနည်း ကြီးလာပြီဆိုရင် အမေ သွားတာနဲ့ လိုက်ချင်တာတွေ ဖြစ်လာမယ်။ သူတို့တွေက သိလာပြီလေ။ အဲဒီလိုအခြေ အနေဆို ဘယ်လို လုပ်ရမလဲ ဆိုပြီး အူဝဲ စဉ်းစားပါတယ်။အခြေအနေတွေက ဘာမှကြို ပြောလို့တော့ မရဘူး။ မနက် ဖြန်တောင် ဘာဖြစ်မယ်ဆို တာ သိတာမှမဟုတ်တာ။ အခြေအနေကို ကြည့်ပြီး လှုပ်ရှားရမှာပေါ့။

သမီး ကြီးလာတာနဲ့ အမျှ အမေကလည်း သမီး အနားမှာ နေချင်စိတ် ပိုဖြစ် လာတယ်နဲ့တူတယ်။
အဲဒီလိုတော့ ဟုတ်တယ်။ အခုဆိုရင် သူ့ကို ဒိုရေမီကျောင်းကို စပို့နေတယ်။ ကျောင်းကလည်း တစ်ပတ် မှာတစ်ရက်၊ တစ်ရက်မှာမှ လေးဆယ့်ငါးမိနစ်ပဲ။ အဲဒီလို ကျောင်းပို့ရင်လည်း ကိုယ်တိုင် ကျောင်းပို့ပြီး တစ်ချိန်လုံး ကျောင်းမှာ သမီးနဲ့ အတူတူ နေချင်တာလေ။ သူ့အတွက် အချိန်ပေးမှုက ခေါင်းထဲမှာ အမြဲရှိနေတာ။
အူဝဲ အိမ်ထောင်မကျခင် အနုပညာအလုပ်တွေ လုပ်နေတဲ့ အချိန်တုန်းက အူဝဲ မိခင်က ဘေးနားမှာ တစ်ချိန် လုံး ရှိနေပေးခဲ့ တာဆိုတော့ အဲဒီလို ခံစားမှုမျိုး သမီးဖြစ် သူကို ပြန်ပေးချင်တာလား။ ဟုတ်တယ်။ အဲဒီခံစား မှုက ကိုယ်ကိုယ်တိုင် အမေနေ ရာကို ရောက်တဲ့အခါကျမှ ပို သိတာ။ ဟိုးအရင်တုန်းက အမေရဲ့ ကျေးဇူးက ဆပ်လို့ မကုန်ဘူး၊ ဘာညာကတော့ သိထားတယ်။ ဒါပေမဲ့ တကယ့်တကယ် အမေနေရာ ကို ရောက်သွားတဲ့အခါ အမေ ခံစားတဲ့ခံစားချက်ကို ခံစား လိုက်ရတယ်။ အမေ့အပေါ်မှာ ပိုပြီး နားလည် သွားတယ်။

အနုပညာရှင် အမျိုးသမီး တစ်ယောက်ရဲ့ ခံစား ချက်နဲ့ အိမ်ထောင်ရှင် အမျိုးသမီး တစ်ယောက်ရဲ့ ခံစာ ချက် ဘယ်လိုကွာခြားချက် ရှိလဲ။အနုပညာရှင်တစ် ယောက်က အနုပညာနဲ့ ပတ်သက်ပြီး စိတ်အမျိုးမျိုးရှိ တယ်။ ရယူလိုစိတ် ရှိမယ်။ ပေးဆပ်မှုလည်း ရှိမယ်။ အခြေအနေပေါ် မူတည်ပြီး အမျိုးမျိုးရှိမယ်။ တစ်ခါတ လေကျရင်လဲ ကိုယ်လုပ်တဲ့ အနုပညာ အလုပ်အောင်မြင်ဖို့ စိတ်ဖိစီးမှုတွေရော အများ ကြီး ရှိပါတယ်။ ခံစားချက် အမျိုးမျိုးရှိတယ်။ သမီးနဲ့ ပတ်သက်ပြီး မိခင်တစ်ယောက် ရဲ့ခံစားချက်က ဘယ် လိုဖြစ်လာလဲဆိုတော့ သမီး အပေါ်မှာ ဘာလုပ်ပေးရမလဲ ဆိုတဲ့ ပေးဆပ်မှုပဲ ရှိတယ်။ ရယူလိုမှု မရှိဘူး။ ပြောရရင် အနုပညာနဲ့ ပတ်သက်လို့ အောင်မြင်လိုစိတ် ရှိမယ်။ ရယူလိုစိတ်တွေ တစ်ခါတလေရှိမယ်။ သမီးနဲ့ကျတော့ အဲဒါတွေ ဘာမှမရှိတော့ဘူး။ အဲဒါလေးတွေတော့ ကွာတယ်။

သမီးအပေါ် ချစ်တဲ့ စိတ်များနေတော့ ခင်ပွန်း ဖြစ်သူအပေါ်ထားတဲ့ မေတ္တာ၊ သ၀န်တိုမှုတွေ မရှိတော့ဘူး လား၊ လျော့သွားပြီလား။
အကယ်၍ အူဝဲမှာ သ၀န်တိုစိတ် ရှိတယ်ဆိုရင်  မင်းသားတစ်ယောက်ကို ယူဖြစ်မှာ မဟုတ်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ အဲဒီစိတ်က ကိုယ့်ဟာကိုယ်လည်း အရမ်းအံ့သြတယ်။ အဲဒီစိတ်က ထားကို ထားတတ်တာ။ ချစ်တာချစ်တာက တစ်ပိုင်းပဲ။ ဒါပေမဲ့ အလိုလိုနားလည်မှု ရှိနေတယ်။ သ၀န်မတိုဘူးဆို လို့ မချစ်ဘူးလားဆိုတော့ လည်း မဟုတ်ဘူး။ ချစ်တော့ချစ်တယ်။ ဒါပေမဲ့ သူ့ အလုပ်ကို သိနေလို့ သာမန် လူတစ်ယောက်ဆိုရင် အဲဒီ စိတ်ထားနိုင်ချင်မှ ထားနိုင် မယ်။ အနုပညာ သမားဖြစ်နေ တော့ ဒါက အလုပ်လုပ်နေ ကြတယ်ဆိုတဲ့ဟာ အလိုလို နားလည်မှုရှိတယ်။ ပရိသတ် ရဲ့အချစ် ဆိုတာကိုလည်း နား လည်လို့ ရပြန်ရော။ အဲဒီ အပိုင်းနဲ့ပတ်သက်ပြီး သ၀န် တိုမှုလည်း မရှိဘူး။ သမီးရ ပြီးတဲ့အချိန်မှာလည်း အဲဒီ စိတ်က အထူးတလည်ပြောင်း သွားတာလည်း မရှိဘူး။ ကို ပြေတီဦးကလည်း တော်တော် နားလည်မှုရှိတယ်။ သူ က ဇီဇာကြောင်တယ်၊ ဂျီး (ကြေး)များတယ် ဆိုတဲ့အထဲမှာ မပါဘူး။ အေးအေးဆေးဆေး ပဲ။

ချစ်သူ ရည်းစားဘ၀ မှာရှိတဲ့ နားလည်မှုနဲ့ အိမ် ထောင်ရှင်ဘ၀မှာ ရှိတဲ့ နားလည်မှု ဘယ်အချိန်မှာရှိတဲ့ နားလည်မှုက ပိုသင့်တယ် ထင်လဲ။
အိမ်ထောင်ရှင်ဘ၀မှာ မိသားစုတစ်စုကို ထူထောင် ထားတဲ့အခါကျတော့ အရင် တုန်းက စိတ်နဲ့ဆိုရင် အရင် တုန်းက စိတ်ဆိုတာက ကိုယ့် စိတ်ပဲ၊ ကိုယ့်စိတ်ကိုပဲ ကိုယ် ကြည့်တယ်။ ကိုယ့်ကိုယ်ကိုပဲ တွက်တယ်။ ဒါပေမဲ့ မိသား စုတစ်စု ထူထောင်လိုက်ပြီဆို တဲ့အခါကျတော့ အဲဒီလို မရတော့ဘူး။ ကိုယ့်အိမ်ထောင် ဖက်ရဲ့စိတ်ကိုလည်း ကြည့်ရ တယ်။ အပြန်အလှန်နားလည် မှု၊ ကိုယ်ချင်းစာစိတ်ပေါ့။ ဥပမာ သူ့ကို အဲဒီလိုပြောလိုက် ရင်၊ ငါ့ကို အဲဒီလိုပြောရင် ရော ငါ ဘာဖြစ်မလဲဆိုတဲ့ စိတ်၊ ကိုယ်ချင်းစာတတ်တဲ့ စိတ်လေးတွေလည်း ထည့်တွက်ရတယ်။ ကိုယ့်တစ် ယောက်တည်း ကိုယ့်စိတ်ကို ပဲ ကြည့်လို့မရတော့ဘူး။ အူဝဲ ပြောချင်တာက ကိုယ်တစ် ယောက်တည်း ကိုယ့်စိတ် တိုင်းကျ လုပ်လို့မရဘူး။ သူ့ စိတ်လည်း ထည့်တွက်ရ တယ်။ အရှင်းဆုံးပြောရရင် နည်းနည်းလေး အလျှော့ပေး ရတယ်ဆိုတဲ့စိတ်လေးတော့ ရှိသွားတာပေါ့။

အိန္ဒြာကျော်ဇင်က အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်ချိန်မှာ အနုပညာ အလုပ်တွေ မလုပ်တော့ဘူးလို့ စဉ်းစားခဲ့ ဖူးပါတယ်။ သရုပ်ဆောင်လုပ်ကို နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီးတာကြောင့် မိသားစုဘ၀၊ အိမ်ထောင်ရှင်ဘ၀ကို  အပြည့်အ၀ ခံယူတော့မယ်လို့ စဉ်းစားခဲ့တာပါ။ သားသမီးရ ပြီးတဲ့အချိန် ဇာတ်ကားရိုက်တွေ လျှော့တယ် ဆိုတဲ့အချိန်မှာ ပရိသတ်က အားပေးမှု အပြည့်အ၀ ရှိတယ်။ မနားပါနဲ့ဆိုတဲ့ တုံ့ပြန်မှုတွေ ရှိလာတာကြောင့်ရယ်၊ ကိုယ်တိုင်ကလည်း အနုပညာအလုပ်ကို ချစ်သလို ပရိသတ်ရဲ့ အားပေးမှုကို တန်ဖိုးထား တဲ့အတွက် လုံးဝမနား ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရိုက် အားတဲ့တစ်ရက်မှာ ရွှေအမြုတေမဂ္ဂဇင်း မျက်နှာဖုံးဓာတ်ပုံကို ရိုက်ကူးပေးတဲ့ ကျော်ဇင်ကို ကျေးဇူးတင်ပါတယ်။ သင်္ကြန်ပုံစံ ဖြစ်အောင် နေပူထဲမှာ တစ်ကိုယ်လုံး ရေစိုရွှဲအောင် လုပ်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်သလို အကောင်းဆုံး ရိုက်ကူးပေးတဲ့ကိုလင်း(Studio-K) ကိုလည်း ကျေးဇူးတင်ပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့ သင်္ကြန်ပုံစံ၊ သင်္ကြန် ဖက်ရှင်လေး တွေအတွက် လည်း ပရိသတ်များ ကျေနပ်နိုင်ပါစေ။ မြန်မာနှစ်သစ်ကူး ကာလမှာလည်း ရွှေအမြုတေ ပရိသတ်များ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါ တယ်။



ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း ဧပြီလ ၂၀၁၃)

0 comments:

Post a Comment