9.4.13

အဓိကရုဏ်းဆန့်ကျင်ရေး စတစ်ကာ ဒုတိယအကြိမ် ဝေ


ဘာသာပေါင်းစုံ လူငယ်များ စုစည်းထားသော  Pray for Myanmar Youth Network ၏ ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေး လှုပ်ရှားမှုကို ယနေ့ ညနေ ၃ နာရီခွဲက ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွင် ဘာသာပေါင်းစုံ လူငယ် သုံးဆယ်ကျော် ပါဝင်ပြီး “ကျွန်ုပ်ကြောင့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း မဖြစ်စေရ”
စာတမ်းပါ စတစ်ကာများကို ဝေငှခဲ့ကြောင်း သိရသည်။ ဧပြီလ ၅ ရက်နေ့က Pray for Myanmar Youth Network က လှည်းတန်း၊ မြေနီကုန်းနှင့် မင်္ဂလာဈေး စသည့် လူစည်ကားရာ နေရာများတွင် စတစ်ကာနှင့် တီရှပ်များ စတင်ဝေငှ၍ ငြိမ်းချမ်းရေး လှုပ်ရှားမှုကို စတင်ခဲ့သည်။
ဧရာဝတီ

0 comments:

Post a Comment