20.7.13

ဟောင်းနွမ်းပျက်စီးနေသော ကျန်းမာရေးပြတိုက်အား ပြန်ပြင်ရန် ဘက်ဂျက်ရရှိရေး ထပ်မံတင်ပြသွားမည်

ဟောင်းနွမ်းပျက်စီးနေသော အမျိုးသား ကျန်းမာေ ရးပြတိုက်အား ပြန် လည်ပြင်ဆင်ရန် ဘက်ဂျက်ကို ယခုနှစ် တွင် ထပ်မံတင်ပြသွားမည်ဟု ဗဟိုကျန်း မာရေးပညာဌာန ဒုတိယညွှန်ကြားရေး မှူး ဦးရှင်ဇာန်က ပြောသည်။


”အမျိုးသား ကျန်းမာရေးပြတိုက် ပြင်ဆင်ဖို့ ဘတ်ဂျက်ကို မနှစ်က တင် ထားတယ်။ ဘတ်ဂျက်နှစ်ကုန်နဲ့ ကပ်နေ တော့ နောက်နှစ်မှ ပြန်တင် ဆိုတော့ ဒီ နှစ်အဆင်ပြေတဲ့အချိန်မှာ ပြန်တင်သွား ဖို့ ရှိတယ်။ ဒီနှစ်ပြန်တင်ရင်တော့ ပေး မယ်ပြောတယ်”ဟု ၄င်းက ပြောသည်။

အမျိုးသားကျန်းမာရေးပြတိုက်သည် ၁၉၆၆ ခုနှစ်က စတင်ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး ဖွင့်စက လာရောက်လေ့လာသူ များ များပြားခဲ့ကြောင်း၊ ယင်းပြတိုက် တွင် အများပြည်သူလွယ်လင့်တကူ သိ ရှိနားလည်နိုင်သော ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ပြသထားပြီး အခြေခံ ကျန်းမာရေး ကျင့်ထုံးများကို လေ့လာနိုင် မည်ဖြစ်ကြောင်း သိရသည်။

ကူးစက်ရောဂါနှင့် ပတ်သက်သော ပြကွက်များ၊ အာဟာရနှင့် ပတ်သက် သော ပြကွက်များ၊ ပတ်ဝန်းကျင်သန့်ရှင်း ရေးနှင့် ပတ်သက်သော ပြကွက်များနှင့် အခြားပြကွက်များကို ပုံစံကားချပ်များ၊ ပန်းချီပန်းပုနှင့် အရုပ်များဖြင့် ကဏ္ဍအ လိုက် ခွဲ၍ ပြသထားသည်။

လက်ရှိအချိန်တွင် အချို့ပြကွက် များသာ အကောင်းအတိုင်း ရှိနေပြီး ကျန်ပြကွက်များမှာ ဆေးစိမ်ဆေးရည် များ ခမ်းခြောက်ခြင်း၊ ပြခန်းပြ တင်း ပေါက်မှန်များ ကွဲနေခြင်းနှင့် ပြသထား သည့် ပစ္စည်းများကို စုပုံထည့်ထားခြင်း တို့ ရှိနေသည်ကို တွေ့ရသည်။

”အခု အကုန်လုံးပြန်ပြင်မယ်။ အဲ ဒါကြောင့် ဒီအတိုင်းထားထားတာ။ အရင်ပြထားတာတွေကို ပြန်ဖယ်ပြီး ပြ မယ်။ သေချာပြန်ခင်းကျင်းပြသဖို့ ရှိ တယ်”ဟု ဦးရှင်ဇာန်က ဆိုသည်။

ယခင်က ပြည်သူလူထုများ၊ ကျောင်း သားကျောင်းသူများနှင့် လေ့လာလို သူများ လာရောက်ခဲ့ကြသော်လည်း ယခုအချိန်တွင် ကျောင်းများ မှ လေ့လာ ရေးလာရောက်ခြင်းသာ ရှိတော့ကြောင်း သိရသည်။

ဗဟိုကျန်းမာရေးပညာဌာနမှ အ ငြိမ်းစားဝန်ထမ်းဟောင်းတစ်ဦးက”ပြ တိုက်နဲ့ပတ်သက်လို့ မှတ်မှတ်ရရဆိုရင် ဂျာမနီက လှူထားတဲ့ အမျိုးသား ဖန်ရုပ် နှင့် အမျိုးသမီးဖန်ရုပ်ပဲ။ အမျိုးသမီးအ ရုပ်ဆိုလည်း အမျိုးသမီးခန္ဓာဗေဒ အ ကြောင်းပြထားတာပေါ့။ မီးလေးတွေ လင်းပြီးတော့ အနောက် ကနေTape Recorder နဲ့ ဖွင့်ပြီးရှင်းပြတဲ့ ပြကွက် တွေဆိုရင် လူတွေတော်တော်လေးကို စိတ်ဝင်စားတဲ့ ပြကွက်တွေ၊ အခုတော့ အဲဒီအရုပ်တွေ မရှိတော့ဘူး”ဟု ပြော သည်။

အဆိုပါ အမျိုးသား ကျန်းမာရေး ပြတိုက်တွင်ပင် ကျန်းမာရေးနှင့် ပတ် သက်သော သင်တန်းများ၊ Health Forum များနှင့် သူနာပြုသင်တန်း များ ပေးနေပြီး ၄င်းသည် ပြည်သူများကို ကျန်းမာရေးဗဟုသုတများ ဖြန့်ဝေပေး ရာ နေရာဖြစ်၍ယခုထက်ပို၍ သစ်ဆန်း ပါက ပိုမိုကောင်းမွန် မည်ဟု ၄င်းက ဆို သည်။

”အမှန်က ကျွန်တော်တို့က တ ကယ်လိုအပ်တယ်ပဲထင်တယ်။ ဒီလိုပြ တိုက်မျိုး နိုင်ငံတကာမှာလည်း ရှိတယ်။ ကျန်းမာရေးအတွက်ဆို ဒါပဲရှိတာ ကိုး။ တစ်နိုင်ငံလုံးမှာလည်း ဒါလေးပဲ ရှိတာ ကိုး”ဟု ဦးရှင်ဇာန်က ဆိုသည်။

အဆိုပါ ပြတိုက်ပြင်ဆင်မှုများကို ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းပြီးချိန်က တစ်ခါပြင်ဆင်ခဲ့ဖူးပြီး ယခုထပ်မံ ပြင် ဆင်ရန် ဘတ်ဂျက်တင် ထားေ ကြာင်း၊ ပြ ခင်းပြကွက်များအတွက် လိုအပ်သော ပစ္စည်းများကို စုဆောင်းလျက်ရှိကြောင်း၊ ပြတိုက်ပြင်ဆင်စရိတ်ဟူ၍ ငွေစာရင်း ခေါင်းစဉ်မျိုး ဗဟိုကျန်းမာရေးပညာဌာန တွင်မရှိကြောင်း ဦးရှင်ဇာန်က ဆိုသည်။

အမျိုးသားကျန်းမာရေးပြတိုက် သည် စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရပ် ကွက်၊ သီရိမင်္ဂလာလမ်းတွင် တည်ရှိပြီး စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံး ပိတ်ရက် များမှ အပ နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီအထိ ဖွင့်လှစ်ပြသလျက် ရှိသည်။

မြတ်စုငြိမ်း
Popular Myanmar News Journal

0 comments:

Post a Comment