26.7.13

နယ်အ၀ယ်များ ဆင်းမလာ၍ တပ်မတော်ခန်းမတွင် ပြုလုပ်ခဲ့သော ကားပြပွဲ၌ အင်ဂျင်ပါဝါ ၁၃၀၀ စီစီ ကားများသာ အရောင်းအ၀ယ်ဖြစ်

လက်ရှိအချိန်တွင် ဈေးကွက်အေးစက်နေပြီး နယ်အ၀ယ်များ ဆင်းမ လာသောကြောင့် ဇူလိုင် ၂၀ ရက် မှ ၂၃ ရက်အထိ တပ်မတော်ခန်းမတွင် ကျင်းပခဲ့သည့် ကားအရောင်းပြပွဲတွင် 4 WD များ မရောင်းရဘဲ အင်ဂျင်ပါဝါ ၁၃၀၀ စီစီကားများသာ အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း ပြပွဲတွင် ၀င်ရောက်ပြ သခဲ့သည့် ကားအရောင်းစင်တာများမှ သိရှိရ သည်။


ကားပြပွဲတွင် ရန်ကုန်မြို့မှ WK ကားအရောင်းစင်တာ၊ Future Auto ၊ KZS International Services ၊ Unity Land ၊ Royal နှင့် Aung Thein Than စသည့် ကား အရောင်းစင်တာများ ပါဝင် ပြသခဲ့ကြသည်။ ပြပွဲနှင့်ပတ်သက်၍ Future Auto မှ မန်နေဂျင်းဒါရိုက်တာ ကိုဇေယျာစိုးက “ပြပွဲမှာ နယ်အ၀ယ်တွေ ဆင်းမလာတဲ့အတွက် ကားကြီးတွေ မရောင်းရဘဲ အင်ဂျင်ပါဝါ ၁၃၀၀ စီစီ ကားလေးတွေပဲ အရောင်းအ၀ယ် ဖြစ်ခဲ့ပါတယ်၊ အ၀ယ်အများစုက တက္ကစီ အသုံးပြုဖို့အတွက် Probox ၊ AD Van ကားတွေကို အများဆုံး လာဝယ်ကြပါ တယ်၊ ကျွန်တော်တို့ ကားအရောင်းစင်တာ အနေနဲ့ ပြပွဲမှာ အထူးဈေးနှုန်း နဲ့ ဈေးလျှော့ ရောင်းချပေးခဲ့သလို ရောင်းချခဲ့တဲ့ ကားတွေကိုလည်း ခြောက်လ Warranty ပေးခဲ့တဲ့အတွက် ထိုက်သင့်သလောက် အရောင်းအ၀ယ် ဖြစ် ခဲ့ပါတယ်၊ မိုးတွင်းကာလဖြစ်လို့ အရောင်းအ၀ယ် အေးနေပြီး Marketing အတွက် ပြပွဲကို ၀င်ရောက်ပြသခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထိုပြပွဲတွင် ၀င်ရောက်ပြသခဲ့သော ကားအရောင်းစင်တာများ အနေဖြင့် ပြပွဲ ကာလအတွင်း ကား ၁၀ စီး ၀န်းကျင်သာ အရောင်းအ၀ယ် ဖြစ်ခဲ့ကြောင်း သိရှိရသည်။

Automobile Journal

0 comments:

Post a Comment