26.7.13

ဗြိတိန်တော်ဝင် မင်းသားငယ်လေးအား အမည်မှည့်ခေါ်ပြီးစီး

ဗြိတိန် တော်ဝင်မျိုးနွယ်ဖြစ်တဲ့ အိမ်ရှေ့မင်းသား ၀ီလျံနဲ့ ကြင်ယာတော် ကိတ် တို့ရဲ့ ပထမဆုံး မွေးဖွားခဲ့တဲ့ သားဦးကိုဂျော့ဂ်ျအလက်ဇန်းဒါး လူးဝပ်စ်လို့ အမည်ပေး ကင်ပွန်းတပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့ နန်းတော်မှ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။


မင်းသားငယ်လေး ရဲ့ ဂျော့ဂ်ျဆိုတဲ့ အမည်ဟာ အယ်လီဇဘတ် ဘုရင်မကြီးရဲ့ ခမည်းတော် ဆဌမမြောက် ဂျော့ဂ်ျ ဗြိတိန်ဘုရင်မင်းမြတ်ရဲ့ နာမည်ကိုယူကာ မှည့်ခေါ်ထားတာဖြစ်ပြီး လူးဝပ်စ် ဆိုတဲ့ အမည်ကတော့ အိမ်ရှေ့မင်းသား ၀ီလျံရဲ့ အလယ် နာမည်ကို အစွဲပြု မှည့်ခေါ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုဆိုရင်တော့ ကိတ် ဟာ ဆေးရုံမှဆင်းခဲ့ပြီး ၊ အိမ်ရှေ့မင်းသား ၀ီလျံနဲ့အတူ မင်းသားငယ် ဂျော့အလက်ဇန်းဒါး လူးဝပ်စ်ကို ခေါ်ဆောင်ကာ သူမရဲ့ မိဘတွေနေထိုင်ရာ ဗြိတိန်တောင်ပိုင်းကိုလည်း သွားရောက် ခဲ့တယ်လို့ သိရပါတယ်။

မင်းသားငယ်လေးကို လန်ဒန်မြို့ရှိ စိန့်မေရီ ဆေးရုံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မွေးဖွားခဲ့တာဖြစ်ပြီး ကလေးထိန်းရဲ့အကူအညီထက် မိမိတို့ကိုယ်တိုင် အချိန်ပေးပြုစု စောင့်ရှောက်သွားမယ်လို့ အိမ်ရှေ့မင်းသား ၀ီလျံနဲ့ ကြင်ယာတော် ကိတ်တို့က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Mrtv-4

0 comments:

Post a Comment