26.7.13

ပြိုင်ပွဲအတွက် Mazda ရည်ရွယ်သော ဒီဇယ်ပြိုင်ကား

Skyactiv-D လို့အမည်ပေးထားတဲ့ကား ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က Cummins အမည်ရ ပြိုင်ကားက ဒီဇယ်အင်ဂျင်သုံးပြီး အမေရိကန် Daytona မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။


ယခု နောက်တစ်စီးပါ။ ဂျပန် Mazda မှ ထုတ်တဲ့ကား ဖြစ်ပါတယ်။ ဒီဇယ် အင်ဂျင်ကို အသုံးပြုပြီး ပြိုင်ကားထုတ်တယ်ဆိုတာ အင်မတန် ခဲယဉ်းတဲ့အရာ ဖြစ်ပါတယ်။ သူ့ရဲ့  စွမ်းဆောင်ချက်က ဓာတ်ဆီလောက် မရှိပါဘူး။ ပေါက်ကွဲမှုနှန်းအားမတူသလို၊ ဆီချေးကြောင့် လုပ်ဆောင်ချက်ကို လည်း နှေးကွေးစေပါတယ်။ ဒါက ရေဘုံယ သဘောတရားပါ။ အမှန်တော့ သူ့မှာလည်း ဖော်မြူလာနဲ့ သေချာပြန်စီမံရင် ဒီဇယ်အင်ဂျင်သုံး ပြိုင်ကားလိုပဲ ခပ်မြန်မြန်မောင်းနိုင်မှာ ဖြစ်ပါတယ်။

အင်ဂျင် အရွယ် ၆၆၀၀ စီစီ ဆလင်ဒါ ၆ လုံးပူး V အင်ဂျင်ကို အသုံးပြုပြီး မြင်းကောင်ရေအား ထုတ်လုပ်မှုက ၆၀၀ ကျော်ဝန်းကျင် ရှိမှာ ဖြစ်ပါတယ်။ ထုတ်လုပ်ရောင်းချရအတွက် မဟုတ်ပဲ Daytona ပြိုင်ပွဲ အတွက် ရည်ရွယ်ပြီး သက်သက်ထုတ်လုပ်ပေးထားတဲ့ ကား ဖြစ်ကြောင်း သိရပါတယ်။

Ref: autoblog
ColayAutomobile

0 comments:

Post a Comment