21.9.13

စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မြို့ ဆူးလေဘုရားမှ စတင်ကာ ငြိမ်းချမ်းရေးလိုလားသူများ အဖွဲ့များ နှင့် ပြည်သူများစုပေါင်း
လမ်းလျှောက်မှု ပြုလုပ်နေကြောင်းသိရသည်။



၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်သည့်အတွက်ကြောင့် ယခုကဲ့သို့ စုပေါင်း လမ်းလျှောက်ခဲ့ကြခြင်းဖြစ်သည် ဟုသိရသည်။ အဆိုပါ ငြိမ်းချမ်းရေးလိုလားသူများ အဖွဲ့တွင် အဖွဲ့အစည်းပေါင်း ၆၀ ကျော် ပါဝင်သည်ဟုသိရသည်။

ယခုအချိန်တွင် လက်ရှိ ငြိမ်းချမ်းရေးလိုလားသူများ အဖွဲ့ နှင့် ပါဝင်သည့် ပြည်သူများ မှာ ၁၅၀၀ ခန့်ရှိပြီး ယခုအချိန်တွင် ကြည့်မြင်တိုင် နတ်စင်လမ်း သို့ရောက်ရှိ လမ်းလျှောက် နေကြဆဲဖြစ်ကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment