21.9.13

နက္ခတ်တာရာများ၏ အလှအပကို မှတ်တမ်းတင်ခဲ့သည့် ဓာတ်ပုံပြိုင်ပွဲ

ဓာတ်ပုံပညာရှင်များသည် စိတ်ကူးအမျိုးမျိုး၊ နက္ခတ်ဗေဒ ပညာရပ်ဆိုင်ရာ ဖြစ်စဉ်အမျိုးမျိုး၏ သဘာဝ အလှတရားကို ဆန်းဆန်းကျယ်ကျယ် မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြခြင်း ဖြစ်သည်


ယခုနှစ်၏ နက္ခတ်ဗေဒ ပညာရပ်ဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ကမ္ဘာအရပ်ရပ်မှ ဓာတ်ပုံဆရာ ထောင်နှင့်ချီ ပါဝင်
ယှဉ်ပြိုင်ခဲ့ကြသည်။ မြောက်မြားစွာသော ဓာတ်ပုံများအနက် အကောင်းဆုံး ဓာတ်ပုံဆုကို ဩစတြေးလျမှ မာ့ခ်ဂီးက ရရှိခဲ့သည်။ ဂီးသည် နယူးဇီလန် နိုင်ငံရှိ ကိပ်ပယ်လစ္စတာတွင် မစ်ကီဝေး နဂါးငွေ့တန်းကြီး ထင်ဟပ်နေသော ဓာတ်ပုံကို အမိအရ ရိုက်ယူနိုင်ခဲ့သည်။

ဓာတ်ပုံပညာရှင်များသည် စိတ်ကူးအမျိုးမျိုး၊ နက္ခတ်ဗေဒ ပညာရပ်ဆိုင်ရာ ဖြစ်စဉ်အမျိုးမျိုး၏ သဘာဝ အလှတရားကို ဆန်းဆန်းကျယ်ကျယ် မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြခြင်း ဖြစ် သည်။ နောက်ဆုံးအဆင့် ရွေးချယ်ခံရသော ဓာတ်ပုံများကို ဂရင်းဝစ်ခ်ျရှိ တော်ဝင် နက္ခတ်ဗေဒ လေ့လာရေး စင်တာတွင် ယ
မန်နေ့က စတင်ပြသခဲ့သည်။

ဓာတ်ပုံပြိုင်ပွဲကို အပျော်တမ်းအဆင့်၊ ပညာရှင်အဆင့် မျိုးစုံ ပါဝင်ယှဉ်ပြိုင်ကြသည်။ ဂီး၏ ဓာတ်ပုံသည် ကမ္ဘာ့တောင်ဘက်ခြမ်းတွင် ထင်ဟပ်နေသည့် ညဘက်ကောင်းကင်ယံတွင် ကြယ်များစွာ ယှက်ဖြာနေသည့် နဂါးငွေ့တန်း အစိတ်အပိုင်းကို ပိုင်နိုင်လှပစွာ ဓာတ်ပုံရိုက်ယူထားခြင်း ဖြစ်သည်။ အလင်းနှစ် (၂၆၀၀၀)မျှ ကွာဝေးသော နေရာမှ ကြယ်စင်တန်းကြီးတွင် ပါဝင်သော ကြယ်များကို အမှုန်အမွှားလေးများအဖြစ် တွေ့မြင်နေရခြင်း ဖြစ်သည်။ ဂီးသည် ယခုဆုအတွက် ဆုကြေး ပေါင်စတာလင် (၁၅၀၀) ရရှိခဲ့သည်။ ဒိုင်အဖွဲ့က ဂီး၏ ဓာတ်ပုံတွင် စိတ်ကူးကောင်းမွန်မှုနှင့် ပြတ်သားမှုများကို အထူးတလည် အထင်ကြီးခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment