21.9.13

ဂါရတ်ဘေလ်း က ကျွန်တော့် နေရာကို လုယူနိုင်တယ် ဆိုရင် ကျွန်တော် ကလည်း ဘာလို့ ကိုယ့်နေရာကို မကာကွယ် နိုင်ရမှာလဲ (ဒီမာရီယာ)

ရီးရဲလ်မတ်ဒရစ် အသင်းသို့ စပါလ်း အသင်းမှ ဂါရတ်ဘေလ်း ရောက်ရှိ လာမှု့နှင့် အတူ မိမိတို့ နေရာအတွက် စိုးရိမ်ဖွယ် အနေအထား နှင့် ရင်ဆိုင် နေရသူများ ထဲတွင် ညာတောင်ပံ ကစားသမား ဒီမာရီယာ လည်း အပါ အ၀င် ဖြစ်သည်။ 

သို့သော် မိမိ၏ နေရာအတွက် အစွမ်းကုန် ကြိုးစား သွားမည် ဟု ဆုံးဖြတ် ထားကြောင်း ၄င်းက ထုတ်ဖော်ပြော ဆိုလိုက်သည်။တကယ်တော့ ဒီမာရီယာ သည်လည်း မတ်ဆုအိုဇေးတို့နည်းတူ အသင်းကြီး တော်တော်များများက အပြောင်းအရွေ့ ဈေးကွက်အတွင်းက ကမ်းလှမ်းခံ ခဲ့ရသော်လည်း ကစားသမား ကိုယ်တိုင်က အသင်းတွင် ဆက်နေရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။ ဒီမာရီယာ က ပြောကြားခဲ့ရာမှာ “ကျွန်တော့် အနေနဲ့ ဒီအသင်းကနေ မထွက်ခွာပဲ ကြိုးစားပြီး တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ပြီးသားပါ။

ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ဟာ ဒီအချိန်မှာ အကောင်းဆုံး အနေ အထားကို ရောက်နေပြီလို့လည်း ကိုယ့်ကို ကိုယ် ယုံကြည်မှု့ အပြည့် ရှိတယ်။ ကျွန်တော့နေရာအတွက် အကောင်းဆုံး ကစားသမားကိုသာ သူအသုံး ပြုရလိမ့်မယ် ဆိုတာ ကားလိုစ့် အန်ဆယ်လော့တီ ကလည်း သတိပေး ပါတယ်၊ ကျွန်တော် ကစားနေတဲ့ နေရာဟာ ဂရတ်ဘေလ်းနဲ့ ထိုက်တန် တယ်ဆိုရင် ကျွန်တော်ကလည်း ဘာလို့ ပြန်ပြီး ကိုယ့်နေရာအတွက် မကာကွယ်နိုင် ရမှာလဲ၊ ကျွန်တော့ရဲ့ အကောင်းဆုံး တွေကို ထုတ်သုံးသွားဖို့ အသင့်ပဲ” ဟု ပြောဆိုသွားခဲ့သည်။ဘင်ဖီကာ၏ ကစားသမားဟောင်း ဖြစ်သူ ဒီမာရီယာသည် ပြီးခဲ့သည့် အင်္ဂါနေ့က ဂါလာတာစာရေး နှင့် ကစားခဲ့သည့် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် (၂) ကြိမ်တိတိ ဂိုးသွင်းခွင့် ရရန် ဖန်တီး ပေးနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဘောလုံးရာသီကလည်း (၃၂)ပွဲ ပွဲထွက်ခွင့်ရ ရာတွင် (၇) ဂိုးသွင်းယူ ပေးနိုင်ခဲ့သည့် ကစားသမား ဖြစ်သလို၊ အသင်းကြီး တော်တော်များများက အလိုရှိနေသည့် ကစားသမားလည်း ဖြစ်သည်။

Written by မောရစ်
Football Café
http://football-cafe.com/

0 comments:

Post a Comment